AD
AD
AD
play
အဘိုးအဘွားတို့ရဲ့ ကြေကွဲဖွယ်မြင်ကွင်းကို မြေးဖြစ်သူက ဆိုရှယ်မီဒီယာမှာ လွှင့်တင့်ခဲ့သည့် ဓာတ်ပုံတစ်ပုံ။


ကနေဒါနိုင်ငံမှ သက်ကြီးရွယ်အို လင်မယားစုံတွဲရဲ့အဖြစ်က ရင်နင့်ကြေကွဲစရာ ကောင်းလှပါတယ်။ သူတို့နှစ်ဦးဟာ နှစ်ပေါင်း ၆၂ နှစ်ကြာ အေးအတူပူအမျှ အတူတကွ နေထိုင်ခဲ့ပြီးမှ မတူညီတဲ့ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်ကြဖို့ အတင်းအကျပ် လမ်းခွဲခံခဲ့ရပါတယ်။

play


ခွဲခွာနေထိုင်ရမယ့်အဖြစ်ကြောင့် ငိုကြွေးနေကြတဲ့ အသက် ၈၃ နှစ်အရွယ် အဘိုး ဝုလ်ဖရမ် ဂေါ့ရှော့ခ်နဲ့ အသက် ၈၁ နှစ်အရွယ် အနီတာတို့ရဲ့ ဓာတ်ပုံကို သူတိုရဲ့မြေးဖြစ်သူ အမျိုးသမီးက ဆိုရှယ်မီဒီယာမှာ လွှင့်တင်ပြီး အဘိုးနဲ့အဘွားဇာတ်လမ်းကို မျှဝေခဲ့တာပါ။

play
အဘိုးအဘွားနဲ့အတူ တွေ့ရတဲ့ မြေးဖြစ်သူ အမျိုးသမီး။


အဘိုးအဘွားစုံတွဲရဲ့ ဇာတ်လမ်းကို မြင်တွေ့သိရှိရသူတွေကြား စာနာသနားစရာ အဖြစ်တစ်ခုအနေနဲ့ ပြောခဲ့ကြပါတယ်။ သူမရဲ့ အဘိုးနဲ့အဘွားဟာ အသက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာ တစ်ခုတည်းမှာ နေထိုင်ရန် အခန်းမရှိတာကြောင့် သီးခြားဂေဟာတစ်ခုစီမှာ ခွဲခွာနေထိုင်ရမှာဖြစ်ကြောင်း မြေးဖြစ်သူ အမျိုးသမီးက ပြောပါတယ်။

နှစ်ဦးသား မျက်နှာချင်းဆိုင်ထိုင်ရင် ငိုကြွေးနေကြတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်မှာ လွှင့်တင်ခဲ့ရာ ပြန်လည်မျှဝေမှု ၆,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ၈ လကျော်ကြာ ခွဲခွာနေထိုင်ကြရတဲ့ အဘိုးအဘွားစုံတွဲဟာ တစ်ဦးနဲ့တစ်ဦး တွေ့မြင်ရတဲ့အခါတိုင်း ငိုကြွေးကြတယ်လို့လည်း သူတိုရဲ့မြေးဖြစ်သူက ပြောပါတယ်။

၆၂ နှစ်ကြာ အတူတကွ နေလာခဲ့ပြီးမှ ခွဲခွာနေကြတဲ့ အဘိုးအဘွား စုံတွဲရဲ့အဖြစ်ဟာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုကြောင့်ဖြစ်ကြောင်း မိသားစုက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD