Lifestyle: သင့်အမက သင့်ကို ဘယ်တော့မှမပြောတဲ့ အချက် (၆) ချက်

အကြီးဆုံးဖြစ်တာကြောင့် သူ့အပေါ်မျှော်လင့်မှုတွေများပါတယ်။

play

 

၁ - မိဘတွေမှာ ပထမဆုံးကလေးရတဲ့အခါ သားသမီးတစ်ယောက်ကို စောင့်ရှောက်မှုနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ အတွေ့အကြုံမရှိသေးပါဘူး။ ဒီ့အတွက်ကြောင့် သမီးကြီးတွေဟာ တင်းကြပ်တဲ့ စည်းကမ်းအောက်မှာနေခဲ့ရပါတယ်။ ဒါပေမဲ့ အငယ်တွေကို ဒီလိုနေခဲ့ရကြောင်း သူတို့က ပြောမှာ မဟုတ်ပါဘူး။

၂ - အကြီးဆုံးဖြစ်တာကြောင့် သူ့အပေါ်မျှော်လင့်မှုတွေများပါတယ်။ သူနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တွေက မြင့်လွန်းပါတယ်။ ဒါတွေက မြင့်လွန်းတယ်လို့ သင့်ကို ညည်းညူမှာ မဟုတ်ပါဘူး။

play

 

၃ - ရှေ့မှာ တိုင်ပင်စရာ၊ အားကျစရာ ဘယ်သူမှမရှိဘဲ သူ့ကိုသူ အားပေးကာ နေခဲ့ရတဲ့ အကြောင်းကို ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။

၎ - ပညာရေးကိစ္စ၊ လူမှုရေးကိစ္စ စတဲ့ အကြောင်းအရာတွေမှာ သင့်ကို အကြံဉာဏ်တွေပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအကြံဉာဏ်တွေကို ပြောပေးမယ့်လူမရှိတာကြောင့် သူ့တုန်းက ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတာကိုတော့ သင့်ကို ပြောမှာ မဟုတ်ပါဘူး။

play

 

၅ - သူ့တုန်းက မှားတဲ့အမှားအချို့ကို သင်လည်းကြုံရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီအမှားတွေက ရရှိလာမယ့် အတွေ့အကြုံတွေကြောင့် သင့်ကို မလုပ်ဖို့ ပြောမှာ မဟုတ်ပါဘူး။

၆ - မိဘတွေနဲ့ ပြဿ      နာဖြစ်ရင် သင့်ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလေးတွေ ပေးတတ်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ သင့်ဘက်ကတော့ လိုက်ပြောမှာ မဟုတ်ပါဘူး။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ