Lifestyle: ငလျင်ကြောင့် သေဆုံးခဲ့တဲ့ သခင်ဖြစ်သူ အခေါင်းဘေးက ထွက်မသွားတဲ့ ခွေးကလေး

, updated

အီတလီငလျင်ကြောင့် သေဆုံးသူဟာ ၂၉၀ ကျော်လာခဲ့ပါပြီ။

play

 

လူသားတွေအပေါ် ခွေးတွေရဲ့ သစ္စာရှိမှုအမျိုးမျိုး ရှိတဲ့အထဲက အီတလီမှနေထိုင်တဲ့ ခွေးကလေးတစ်ကောင်ရဲ့ ဖြစ်ရပ်လည်း လူမှုကွန်ယက်နဲ့ သတင်းစာမျက်နှာတွေထက်မှာ နေရာယူလာပါတယ်။

play

 

အီတလီမှာ လှုပ်ခပ်ခဲ့တဲ့ ၆.၂ ပြင်းအားရှိ ငလျင်ကြောင့် ခွေးကလေးရဲ့ သခင်ဖြစ်သူဟာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီငလျင်ကြောင့် အီတလီမှာ သေဆုံးသူ စုစုပေါင်း ၂၉၀ ရှိလာခဲ့ပါတယ်။ သခင်ဖြစ်သူ အမည်မသိ အမျိုးသားရဲ့အလောင်းကို ကယ်ဆယ်ရေး အဖွဲ့တွေက ဆွဲထုတ်ပြီး အခေါင်းထဲထည့်ကာ မြေမမြှုပ်မီ ပြန်လည်ထူထောင်ရေးစင်တာကို လာထားခဲ့တာ ဖြစ်ပါတယ်။ ခွေးကလေးဟာ သခင့်ရဲ့အခေါင်းရှိရာ နေရာကို လိုက်လာခဲ့ပြီးအခေါင်းဘေးမှာသာ ငြိမ်သက်စွာ ရှိနေခဲ့ပါတယ်။ သူ့ကို အပြင်ထုတ်လို့လည်း မရခဲ့ဘူးလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

play

 

အီတလီနိုင်ငံ ငလျင်ဒဏ်ခံစားခဲ့ရသူတွေအတွက် ၃၅ ဦးကို ပြီးခဲ့တဲ့ စနေနေ့မှာ နိုင်ငံတော်ဈာပနအဖြစ် သင်္ဂြိုဟ်မြှုပ်နှံခဲ့ကြောင်း သိရပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ