AD
AD
AD
play

 

တရုတ်နိုင်ငံ အရှေ့ပိုင်းက ရွာလေးတစ်ရွာဟာ လူပျိုကြီးတွေ များလွန်းတဲ့အတွက် လူပျိုကြီးတို့ရွာလို့ အဲဒီဒေသက သိထားကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အချက်ကလည်း အဲဒီရွာက အမျိုးသားတွေကို လူပျိုကြီးတွေဖြစ်စေဖို့ အကြောင်းဖန်ခဲ့တာလို့ ဆိုပါတယ်။

play

 

လော်ယာဆိုတဲ့ ရွာကလေးဟာ အန်းဟိုင်ပြည်နယ် အတွင်းမှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတာကြောင့် လူသူအရောက်အပေါက်နည်းလှပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုအရ အဲဒီအရပ်မှာ လူဦးရေ ၁၆၀၀ လောက်နေထိုင်ပြီး လူပျိုဖြစ်နေတဲ့ အသက် ၃၀ ကနေ ၅၅ အထိ အမျိုးသားဦးရေက ၁၁၂ ဦးအထိ ရှိနေတာပါ။

ဒါဟာလူဦးရေအချိုးအစားနဲ့ ယှဉ်ပြိုင် များပြားလှတဲ့ ပမာဏဖြစ်ပါတယ်။

play

 

" ကျွန်တော်အသက် ၂၀ လောက်ကတည်းက မိန်းမယူဖို့ မျှော်လင့်ခဲ့တာ" လို့ အဲဒီရွာမှာ နေထိုင်သူ အသက် ၄၃ နှစ်အရွယ် မစ္စတာရှောင်က ပြောပါတယ်။ အများအားဖြင့်တော့ ရှိတဲ့အမျိုးသမီးတွေကလည်း အလုပ်လုပ်ဖို့အတွက် အခြားအရပ်တွေကို ထွက်ခွာသွားတတ်ကြလို့ အမျိုးသားတွေဟာ ကြင်ယာရှာဖို့ အခက်အခဲ ဖြစ်ကြရပါတယ်။

အမျိုးသမီးအများစုက အဲဒီရွာမှာ အခြေမချချင်တဲ့ အဲဒီရွာမှာ လူပျိုကြီးဦးရေက တစ်နှစ်ထက်တစ်နှစ် ပိုလို့သာ တိုးလာနေပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD