Lifestyle: ညီအစ်ကိုလို နေလာခဲ့ကြတဲ့ ကျား၊ ခြင်္သေ့နဲ့ ဝက်ဝံကြီးတို့ နောက်ဆုံးတော့ ခွဲရပြီ

၁၅ နှစ်လောက် ကြာအောင်သူတို့သုံးကောင်ဟာ ညီအစ်ကိုအမှတ်နဲ့ နေထိုင်လာကြတာ ဖြစ်ပါတယ်။

play

 

မူးယစ်မှောင်ခို ပြုလုပ်သူတွေလက်ထဲကနေ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကယ်တင်ခဲ့တဲ့ ကျား၊ ခြသေ့င်္နဲ့ ဝက်ဝံကြီးတို့ဟာ တစ်ကောင်နဲ့ တစ်ကောင် ညီအစ်ကိုတွေမှတ်ပြီး နေလာခဲ့ကြတာပါ။

play

 

သူတို့ ညီနောင်သုံးကောင်ကို BLT အဖြစ်လူသိများကြပါတယ်။ အခုတော့ ကျားကြီး လီယိုဟာ အသည်းမကောင်းတဲ့ ရောဂါကို လအနည်းငယ်ခံစားခဲ့ရပြီးနောက် သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ သူတို့အတူတကွ နေထိုင်ကြတဲ့ ဂျော်ဂျီယာက ခြံထဲမှာ အခုတော့ ခြသေ့င်္ကြီး ရှာခန်းနဲ့ ဝက်ဝံကြီး ဘာလူးတို့နှစ်ကောင်သာ ကျန်ရှိပါတော့တယ်။

play
play

 

အသည်းမကောင်းတော့တဲ့နောက်ပိုင်း အစာကောင်းကောင်း မစားနိုင်တော့သလို နေထိုင်ရ ပိုခက်ခဲလာတဲ့ ကျားကြီး လီယိုအတွက် ဆေးထိုးပြီး သတ်ပေးလိုက်တာက ရောဂါမခံစားရတော့တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်မယ်လို့ တိရိစ္ဆာန်ဆေးကု ဆရာဝန်တွေက ယူဆခဲ့ကြတာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ