Lifestyle: အိပ်မက်ကမ္ဘာလေးနဲ့တူတဲ့ ဂျပန်ဘိုးဘွားရိပ်သာ

အမြဲမြင်နေကျ ဘိုးဘွားရိပ်သာတွေနဲ့မတူဘဲ နေချင်စဖွယ်လေးဖြစ်နေပါတယ်။

play

 

ဂျပန်နိုင်ငံ၊ ရှီဇူအိုကာပြည်နယ်က အေးချမ်းတဲ့ တောအုပ်လေးနဲ့ တောင်ပေါ်ဒေသမှာတည်ရှိတဲ့ ဂျစ်ကာ (Jikka) လို့ခေါ်တဲ့ ဘိုးဘွားရိပ်သာလေးကို တိုကျိုမှာနေထိုင်တဲ့ ဗိသုကာပညာရှင် အစ်ဆီအီဆူမာက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

play

 

လူနည်းစုသာရှိတဲ့ ယင်းဒေသက ဂျပန်ဘိုးဘွားတွေကို အစားအစာနဲ့ စောင့်ရှောက်မှုတွေပေးဖို့အတွက် ဂျစ်ကာကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အစကတော့ အသက် ၆၀ ကျော် အဘွားအိုနှစ်ယောက်အတွက် ရည်ရွယ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

play

 

အဘွားအိုနှစ်ယောက်မှာ တစ်ယောက်က လူမှုဝန်ထမ်းဖြစ်ပြီး နောက်တစ်ယောက်က စာဖိုမှူးဖြစ်ကာ ယင်းဒေသမှာ နေထိုင်သူတွေကို ကူညီချင်ကြသူတွေပါ။ အကူအညီလိုတဲ့ ဒေသခံတွေအတွက် အစားအစာစီမံပေးဖို့အတွက် အခြေစိုက်စခန်းအဖြစ်လည်း ယင်းအိမ်ကို သုံးခဲ့ပါတယ်။

အမျိုးသမီးကြီးနှစ်ဦးဟာ အဲဒီမှာပဲအလုပ်လုပ် အဲဒီမှာပဲနေထိုင်းရင်း သက်ကြီးရွယ်အိုတွေကို နေစရာ၊ ပူနွေးတဲ့အစားအစာနဲ့ စောင့်ရှောက်မှုတွေ ပေးပါတယ်။

play

 

ယင်းရိပ်သာထဲမှာ တဲ ၅ လုံးရှိပြီး တစ်လုံးနဲ့တစ်လုံးကို ဆက်ထားပါတယ်။ အတွင်းထဲမှာ ဝှီးချဲဆင်းလို့လွယ်အောင်လုပ်ထားတဲ့ ဝဲကတော့ပုံ ရေကူးကန်တစ်ကန်၊ အစားအစာပြင်ဆင်ပေးဖို့ မီးဖိုချောင်ကြီးတစ်ခု၊ ဘိုးဘွားတွေနေထိုင်ဖို့အတွက် နွေးထွေးတဲ့အိပ်ခန်းတွေ၊ ရေချိုးခန်းကြီးတွေပါဝင်တဲ့ နေထိုင်ဖို့နေရာတွေ ပါရှိပါတယ်။

play

 

သဘာဝအလင်းရောင်၊ ပြတင်းပေါက်ကြီးတွေနဲ့ အနီးအနားတစ်ဝိုက် လမ်းလျှောက်ဖို့အတွက် ချစ်စရာကောင်းတဲ့ လျှောက်လမ်းတွေလည်း ဖန်တီးပေးထားပါတယ်။

play

 

ကြည့်လိုက်တာနဲ့ ပျင်းစရာကောင်းတဲ့ တခြားဘိုးဘွားရိပ်သာတွေနဲ့မတူဘဲ နေချင်စဖွယ် ချစ်စရာကောင်းတဲ့အပြင် သဘာဝလေရှူရှိုက်နိုင်မယ့် ဒီဘိုးဘွားရိပ်သာလေးမှာ နေထိုင်ခွင့်ရတဲ့ ဘိုးဘွားတွေအတွက် ဝမ်းသာစရာပါပဲ။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ