Lifestyle: တစ်ကိုယ်ရည်သမားများက ဘဝကိုပိုပြီးကျေနပ်စွာ နေထိုင်နိုင်ကြ

, updated

တစ်ကိုယ်ရည် သမားများက ကိုယ့်ဘဝကို ပိုပြီးကျေနပ်ကြတယ်လို့ ဆိုပါတယ်။

play

 

အိမ်ထောင်ပြုသူတွေဟာ ပိုအသက်ရှည်၊ ကျန်းမာတယ်ဆိုတဲ့ အချက်ကို တုန့်ပြန်တဲ့ သုတေသန ရလဒ်တွေအကြောင်း စိတ်ပညာရှင် ပါမောက္ခ ဘယ်လာဒယ်လ်ပေါ်လိုက ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဒန်ဗာမြို့မှာ ပြုလုပ်တဲ့ စိတ်ပညာရှင်များ ညီလာခံမှာ ဒီအချက်ကို ထုတ်ပြလိုက်တာဖြစ်ပါတယ်။ အိမ်ထောင်ပြုသူတွေက ပိုကျန်းမာတယ်ဆိုတဲ့အချက်ဟာ မှန်ကန်ချင်မှန်ကန်နေမှာ ဖြစ်ပေမဲ့ တစ်ဦးတည်းနေသူတွေကတော့ ဘဝရဲ့အဓိပ္ပာယ်အနှစ်သာရကို ပိုပြီးသိရှိလွယ်ကြတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် တစ်ဦးတည်းနေသူတွေဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်း၊ အကောင်းမြင်စိတ်ရှိခြင်းတွေမှာ အိမ်ထောင်ပြုကြတဲ့သူတွေထက် ပိုပြီးအားသာတယ်လို့ ဆိုပါတယ်။

play

 

ဒီအချက်တွေဟာ လူ့ဘဝရဲ့ အနှစ်သာရနဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်နိုင်စွမ်းပေးမယ့် အဓိကအချက်တွေလို့ ထောက်ပြခဲ့ပါတယ်။ တစ်ကိုယ်တည်း သမားတွေဟာ အိမ်ထောင်ပြုသူတွေထက် ကိုယ့်ဘဝကို ပိုပြီး ကျေနပ်အားရကြတယ်လို့ ဆိုပါတယ်။

Source : The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ