Lifestyle: ကမ္ဘာ့နှာခေါင်းအရှည်ဆုံးလူသား

ယနေ့အချိန်ထိ သူ့ထက်နှာခေါင်းရှည်သူ မရှိသေးပါဘူး။

play

 

ကမ္ဘာ့နှာခေါင်းအရှည်ဆုံးလူအဖြစ် စံချိန်တင်ထားသူက မစ္စတာ သောမတ်စ်ဝက်ဒါစ်ဖြစ်ပါတယ်။ သူ့ရဲ့နှာခေါင်းဟာ ၇.၅ လက်မအထိ ရှည်လျားနေတာကြောင့် ဆပ်ကပ်ရုံတွေက သူ့ကိုအထူးအဆန်းလိုပြသခဲ့ကြပါတယ်။ သူက ယော့ခ်ရှိုင်းယားနယ်သားဖြစ်ပြီး ၁၇၀၀ ပြည့်နှစ်ဝန်းကျင်မှာ ရှင်သန်နေထိုင်သွားခဲ့သူဖြစ်ပါတယ်။

play

 

ရစ်ပလေရဲ့ ယုံချင်ယုံမယုံချင်နေမှတ်တမ်းထဲမှာလည်း မစ္စတာဝက်ဒါစ်အကြောင်းကို ဖော်ပြခဲ့ဖူးပါတယ်။ ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ နှာခေါင်းအရှည် ခုနစ်လက်မခွဲထက်ကျော်သူလည်း မရှိသေးပါဘူး။

play

ခုတော့ သူ့ရဲ့ဦးခေါင်းနဲ့ အရွယ်အစားတူ ဖယောင်းရုပ်တုပဲ ကျန်ပါတော့တယ်။ လန်ဒန်က ပစ်ကာဒီလီဆပ်ကပ်ရုံမှာ သူ့ရဲ့ဦးခေါင်းပုံတူရုပ်တုကို ပြသထားပါတယ်။

Source : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ