Lifestyle: လာသမျှလူကို ပွေ့ဖက်နှုတ်ဆက်ပေးတဲ့ နယူးယော့ခ်ကခွေးလေး

ဒီလိုခွေးမျိုးကို မချစ်ဘဲနေနိုင်လိမ့်မယ်မထင်ပါဘူး။

play

 

နယူးယော့ခ်မြို့က ခွေးလေးတစ်ကောင်ဟာ လူတွေကို ရင်းရင်းနှီးနှီး ပွေ့ဖက်နှုတ်ဆက်ပေးတတ်လို့ ဖြတ်သွားဖြတ်လာတွေရဲ့ အသည်းကျော်ဖြစ်နေရပါတယ်။ သူစိမ်းဖြစ်စေ၊ ရင်းနှီးသူဖြစ်စေ ဘယ်သူ့ကိုမဆို ပွေ့ဖက်ပေးတတ်တဲ့ခွေးလေးပါ။

play

 

Golden Retriever အမျိုးအစားခွေးလေးဖြစ်ပြီး သူ့အမည်က လူဘူတီနာလို့ သိရပါတယ်။ လူဘူတီနာရဲ့ထူးထူးခြားခြား ရင်းနှီးမှုကို သခင်ဖြစ်သူ ဆီဇာ ဖာနန်ဒက်ဇ်ချေးဗက်ဇ်က အင်စတာဂရမ်ပေါ်မှာ အကောင့်ဖွင့်ပေးထားပြီး ပုံတွေကိုလည်း တင်ပေးထားပါတယ်။

play

 

လက်လေးနှစ်ဖက်နဲ့ ပွေ့ဖက်ပေးတတ်သလို လက်ပေးပြီးနှုတ်ဆက်တတ်တဲ့ လူဘူတီနာလေးနဲ့ ဆုံခဲ့ရသူတွေကလည်း လူမှုကွန်ရက်တွေပေါ်မှာ ပုံတွေတင်ထားကြတာကို တွေ့ရပါတယ်။

Source : Mail Online

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ