Lifestyle: မယုံနိုင်လောက်အောင် ဝိတ်ကျသွားတဲ့ အမျိုးသမီးရဲ့ ဝိတ်ချနည်း

ပေါင် ၂၀၀ နီးနီးလောက်ကို ချပစ်လိုက်တာပါ။

play

 

ဆီမွန်အန်ဒါဆန်ဆိုတဲ့ အမျိုးသမီးဟာ ၂ နှစ်အတွင်း ဝိတ်ကျသွားပုံအဆင့်ဆင့်ကို ဗီဒီယိုနဲ့ ရိုက်ပြီး ပြခဲ့တာ လူတွေ မယုံနိုင်အောင် ဖြစ်ခဲ့ပါတယ်။

သူမရဲ့ နဂိုပုံစံနဲ့ နောက်ဆုံးရရှိလာတဲ့ပုံစံက လုံးဝကို ခြားနားနေတဲ့အတွက် လူတစ်ယောက်တည်းမှ ဟုတ်ရဲ့လားလို့ လူတွေက မယုံသင်္ကာဖြစ်နေကြပါတယ်။

play

 

နယူးဇီလန်မှာ နေထိုင်တဲ့ ဆံပင်နဲ့ မိတ်ကပ်ပညာရှင် ဆီမွန်ဟာ သူမခေါ်တဲ့ "ကျန်းမာရေးအတွက် ခရီးရှည်ကြီး" ကို လွန်ခဲ့တဲ့ ၂ နှစ် ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၉ ရက်က စတင်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်မရဲ့ကိုယ်အလေးချိန်အတွက် အမြဲရုန်းကန်နေရပြီး ဝိတ်ကျမယ့် အစားအစာတွေကို မကြာခဏဆိုသလိုစားတယ်။ မစားနိုင်တော့ရင် အရင်ကထက် ပိုဝလာပြန်ရော" လို့ သူမက ရှင်းပြခဲ့ပါတယ်။

play

 

အသက် ၂၀ ကျော်စအရွယ်လေးမှာတင် သူမရဲ့ ကိုယ်အလေးချိန်က ၃၇၃ ပေါင်တောင် ရှိလာလဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမရဲ့စားသောက်နေထိုင်ပုံကို လုံးဝပြောင်းလဲတော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ၂ နှစ်အကြာမှာတော့ ကိုယ်အလေးချိန် တစ်ဝက်ကျော်တောင် ကျသွားခဲ့တာပါ။

ဝမ်းဗိုက်ခွဲစိတ်မှုတစ်ခု လုပ်ဖို့အတွက် ၈ ပတ်အတွင်း ပေါင် ၄၀ ကျအောင် လုပ်ခဲ့ရာကနေ နောက်ပိုင်းမှာ ဆက်ပြီး ဝိတ်ချခဲ့တာဖြစ်ပါတယ်။

play

"ကိုယ်အလေးချိန်တက်စေမယ့် အဆီအစိမ့်ပါတဲ့အစားအစာတွေ မစားဘူး။ သကြားအများကြီးပါတာတွေ ရှောင်တယ်။ နောက်ပိုင်းမှာ ဘာကိုမှ အလွန်မကျွံစားမိအောင် ထိန်းလာနိုင်တယ်" လို့ သူမက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ တစ်နေ့ကို ၁ နာရီကနေ ၂ နာရီအတွင်း လေ့ကျင့်ခန်း လုပ်လေ့ရှိပြီး အခုဆိုရင် ၁၃ မိုင် မာရသွန်အပြေးပြိုင်ပွဲအတွက် လေ့ကျင့်နေပါတယ်။

play

 

ဝိတ်အလွန်အမင်းကျသွားခြင်းရဲ့ အကျိုးဆက်အဖြစ် ဗိုက်နဲ့ နောက်ကျောမှာ ပျော့တွဲသွားတဲ့ အသားတွေကို ခွဲထုတ်လိုက်ရပုံကို သူမ ပြလိုက်မှသာ တကယ်ပဲ ဝိတ်ကျသွားတယ်ဆိုတာ အွန်လိုင်းပေါ်ကလူတွေ ယုံကြည်ခဲ့ကြပါတယ်။

"မနက်တိုင်း ၅ နာရီထတယ်။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်တယ်။ မျက်ရည်ကျခဲ့ရတယ်။ ကိုယ်လုံးလှဖို့ တမ်းတခဲ့ရတယ်။ အားလုံးက ထိုက်တန်သွားပါပြီ" လို့ သူမက ရေးသားထားပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ