Lifestyle: တကယ်ရှိတယ်လို့ မထင်ရတဲ့ ထူးထူးဆန်းဆန်း အလုပ်အကိုင် (၈) ခု

, updated

ရှိမယ်လို့တောင် တွေးလို့မရတဲ့ ထူးခြားဆန်းပြား အလုပ်အကိုင်ဆန်းပေါင်းများစွာဟာ တကယ်ရှိနေသလို အချို့အလုပ်တွေက ပိုပြီးဝင်ငွေကောင်းကြပါတယ်။

play

 

ကမ္ဘာပေါ်က မတူညီကွဲပြားတဲ့ အလုပ်အကိုင်ပေါင်း မြောက်များစွာရှိပြီး အချို့သော အလုပ်အကိုင်တွေဟာ တကယ်ရှိတယ်လို့ မထင်ရအောင် ဆန်းပြားလှပါတယ်။

၁။ ခွေးစာ၊ ကြောင်စာ မြည်းသူ

play

 

အိမ်မွေးတိရိစ္ဆာန်တွေ စားဖို့ အစားအစာတွေကို ဒီအတိုင်း ထုတ်လုပ်တာမဟုတ်ပါဘူး။ စိတ်ချရဖို့အတွက် ခွေးစာ၊ ကြောင်စာတွေကို အရင်မြည်းပေးရတဲ့ လူတွေရှိပါတယ်။

၂။ ပွေ့ဖက်နှစ်သိမ့်ပေးသူ

play

 

စိတ်အားငယ်တဲ့အခါမျိုးမှာ သင့်ကို လာပြီး ပွေ့ဖက်နှစ်သိမ့်ပေးဖို့အတွက် ကြေးစားပွေ့ဖက်ပေးသူတွေ ရှိပါတယ်။ အမေရိကမှာ တစ်နာရီကို ဒေါ်လာ ၆၀ လောက်ပေးရပါတယ်။

၃။ ကြေးစားအရန်သတို့သမီး

play

 

အရန်သတို့သမီးဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ လုပ်ပေးလေ့ရှိပေမဲ့ ကြေးစားလိုက်လုပ်ပေးသူတွေလည်းရှိပါတယ်။ သတို့သမီးကို လည်း အစစအရာရာ ကူညီပေးကြသူတွေပ။

၎။ လိုက်လံငိုကြွေးပေးသူ

play

 

အသုဘ အခမ်းအနားတွေမှာ အခကြေးငွေယူကာ ဝမ်းပမ်းတနည်း လိုက်လံငိုကြေးပေးတဲ့သူတွေရှိပါတယ်။

၅။ အိပ်ပျော်စေသူ

play

 

အချို့က အိပ်ပျော်ဖို့ ခဲခဲယဉ်ယဉ်းကြိုးစားကြရပါတယ်။ သူတို့က ကုထုံးအမျိုးမျိုးနဲ့ အိပ်ပျော်အောင် လုပ်ပေးပြီး အိပ်မက်လှလှလည်း မက်စေပါတယ်။

၆။ အံစာတုံး ပညာရှင်

play

 

အံစာတုံးတွေကို မစစ်ဆေးဘဲ ထုတ်တာမဟုတ်ပါဘူး။ အထူးသဖြင့် ကာစီနိုတွေမှာ အသုံးပြုတဲ့ အံစာတုံးတွေကို တစ်တုံးချင်းစီ စစ်ဆေးရတဲ့ ပညာရှင်တွေ ရှိပါတယ်။

၇။ ဂေါက်သီးရှာဖွေသူ

play

 

ဂေါက်ကွင်းထဲမှာ ရိုက်ထားလို့ နေရာအနှံ့ပျံ့နေတဲ့ ဂေါက်သီးတွေကို ပြန်လိုက်စုရတဲ့သူတွေဖြစ်ပါတယ်။ ရေငုပ်ပြီးတော့လည်း ဂေါက်သီးတွေ ရှာဖွေကြရသူတွေ ရှိပါတယ်။

၈။ စက်ဘီးမျှားသူ

play

 

ငါးမျှားသူလို့ပဲ စက်ဘီးမျှားပေးရသူတွေဟာ ရေထဲက စက်ဘီးတွေကို လိုက်လံရှာဖွေရတာပါ။ နယ်သာလန်က အမ်စတာဒမ် တူးမြောင်းတွေထဲမှာဆိုရင် တစ်နှစ်ကို စက်ဘီး တစ်သောင်းခွဲလောက် တွေ့ရလေ့ရှိကြောင်း သိရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ