Lifestyle: အမျိုးသားတွေ ကိုယ်ချင်းစာပေးလို့ မရတဲ့ အမျိုးသမီးများရဲ့ ဖီလင် (၈) ခု

, updated

အမျိုးသားတွေ ကိုယ်တိုင်မခံစားပေးနိုင်တဲ့ အမျိုးသမီးများရဲ့ စိတ်ခံစားမှု အချို့ရှိပါတယ်။

 

ချစ်သူ အမျိုးသားရဲ့ ဂရုစိုက်ကြင်နာမှုကိုခံစားရတာ အမျိုးသမီးတွေအတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ခံစားမှု တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့လည်း သဘာဝကိုက အမျိုးသားနဲ့ အမျိုးသမီးတွေကို ခြားနားထားတဲ့အတွက် အရာရာဟာ ထပ်တူ ခံစားပေးလို့ မရပါဘူး။ အထူးသဖြင့် အမျိုးသားတွေ ဘယ်တော့မှ မခံစားပေးနိုင်၊ ကိုယ်ချင်းမစာပေးနိုင်တဲ့ အမျိုးသမီးများရဲ့ ဖီလင် (၈) ခုရှိပါတယ်။

၁။ မိတ်ကပ်များ ဖျက်ရခြင်း

တစ်နေကုန် လိမ်းထားတဲ့ မျက်နှာက မိတ်ကပ်တွေကို ညအိမ်ပြန်ရောက်လို့ ဖျက်လိုက်ရတဲ့ ခံစားချက်မျိုးဟာ အရမ်းကောင်းပါတယ်။ မျက်နှာက ရှင်းသန့်ပြီး လန်းဆန်းပေါ့ပါးသွားတဲ့ ဒီခံစားချက်ကို အမျိုးသားတွေ မခံစားပေးတတ်ပါဘူး။

၂။ ဘရာစီယာချွတ်ခြင်း

 

တစ်နေကုန် ဝတ်ထားတဲ့ ဘရာစီယာကို အိမ်ပြန်ရောက်လို့ ချွတ်လိုက်တဲ့ ခံစားမှုဟာ အရမ်းကောင်းတဲ့ ခံစားမှု ဖြစ်ပါတယ်။ ဒီဖီလင်ကို အမျိုးသားတွေ မသိနိုင်ပါဘူး။

၃။ အဖက်ခံလိုခြင်း

အမျိုးသမီးတိုင်းက ချစ်သူပွေ့ဖက်တာကို ခံစားလိုကြပါတယ်။ တင်းတင်းကြပ်ကြပ် ပွေ့ဖက်မှုမျိုးမှာ အမျိုးသမီးအများစု သာယာတတ်ကြတာပါ။

၎။ သရေစာများ စားလိုခြင်း

 

ထမင်း၊ ဟင်းမဟုတ်တဲ့ သရေစာ(fast food) တွေစားချင်တာလည်း နေ့တိုင်းပါပဲ။ တစ်နေ့ကို သရေစာမုန့်စားဖို့ အနည်းဆုံးနှစ်ကြိမ်လောက် စဉ်းစားတတ်ကြပါတယ်။

၅။ မက်ဆေ့များ အပို့ခံရခြင်း

ချစ်သူထံက ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်သတိရကြောင်း စတဲ့မက်ဆေ့တွေကို ခဏခဏ ရနေသည့်တိုင်အောင် ထပ်ထပ်ပြီး ရချင်နေတာ မိန်းကလေးတိုင်းရှိတဲ့ဖီလင်ပါ။

၆။ စိတ်မကြည်ခြင်း

 

အမျိုးသမီးတိုင်း တစ်လမှာ နှစ်ရက်၊ သုံးရက်လောက် စိတ်မကြည်မလင်ဖြစ်တတ်ကြပါတယ်။ ဒါဟာ ရှောင်လွှဲလို့မရတဲ့သဘာဝပါ။ ဒီအချိန်မှာ ဘယ်လောက်ဆိုးပြ၊ ဆိုးပြ သူတို့ကို ဂရုစိုက်ပေးတဲ့ ဖီလင်ကို အမျိုးသမီးတွေ လိုချင်ကြပါတယ်။

၇။ စိုးရိမ်တတ်တယ်

ဒီနေရာက စိတ်ချရဲ့လား၊ ဒီလိုလုပ်ရင် သေချာပါ့မလား စသဖြင့် အတွေးလွန်တတ်တာမျိုး မိန်းကလေးတွေမှာ ရှိပါတယ်။

၈။ အဝတ်စား အမြဲရှားတယ်

 

အိမ်မှာ လူတစ်ရပ်စာလောက်အရွယ်ရှိတဲ့ ဗီဒိုနှစ်လုံးလောက်နဲ့ အဝတ်အစားတွေ အပြည့်ရှိလည်း အမျိုးသမီးတွေကတော့ သူတို့မှာ နေ့စဉ် ဝတ်စရာရှားနေပြီလို့ ထင်တတ်ကြပါတယ်။ အဝတ်စားသစ် လိုချင်ပြီဆို မင်းမှာ ရှိသေးတာပဲလို့ သွားမပြောပါနဲ့။

Source : Elite

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ