Lifestyle: ရွယ်ရွှင်စရာ ဟာသတိုများ

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

 

သတ္တိကောင်းတယ်ပေါ့

ဆရာဝန် - လာမယ့် ခရစ္စမတ်ကျရင် ကျွန်တော့်လူနာတွေအိမ်ကို လျှောက်လည်ရင်ကောင်းမလားလို့ စဉ်းစားနေတာဗျ။
အမျိုးသား - ဘာလဲ ... ဒေါက်တာက သင်္ချိုင်းကုန်းကို တစ်ယောက်တည်းသွားရဲတယ်ပေါ့လေ။

လိုချင်လို့လား

အမျိုးသမီး - ရှင်တို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကိုလည်း ကြည့်ပါအုံး။ အရိုးနဲ့ အရေခွံတွေချည်းပဲ။
ဆိုင်ရှင် - ဘာလဲ ... အမွေးနဲ့လိုချင်လို့လား။

တည်သွားတာ

အမ - ဟိုရှေ့စားပွဲကလူက ခုနကတစ်ချိန်လုံးလိုလို ညီမလေးကို စိုက်ကြည့်ပြီး အထာတွေပေးနေတာ ... အခု မမရောက်လာမှပဲ ခပ်တည်တည် ဖြစ်သွားတော့တယ်။
ညီမ - ဘယ်သူလဲ ... ဟိုလူလား? အဲဒါ မမအမျိုးသားလေ။

play

ကင်မရာမဝယ်နိုင်လို့

သမီး - ဟိုဦးလေးကြီးက ပန်းခြံနားမှာထိုင်ပြီး ပန်းချီဆွဲဆွဲနေတာ ဘာလုပ်ဖို့လဲ ဒယ်ဒီ။
အဖေ - အဲဒါ ရှုမျှော်ခင်းပုံကို ပန်းချီဆွဲနေတာ သမီးရဲ့။ ကင်မရာ မဝယ်နိုင်တော့လည်း ဒီလိုပဲ အပင်းပန်းခံရတာပေါ့ သမီးရယ်။

နည်းကုန်လို့

သား - လူဟာ မျောက်ကဆင်းသက်တယ်ဆိုတာ တကယ်လား ဒယ်ဒီ။
အဖေ - တကယ်ပေါ့ သားရယ်။ ဘာဖြစ်လို့လဲ။
သား - ဒါကြောင့်ထင်တယ်။ တိရစ္ဆာန်ရုံထဲမှာ မျောက်တွေနည်းကုန်လိုက်တာ။

အချိန်မှန်

ပထမလူ - နေ့တိုင်းနောက်ကျနေတဲ့ ရထားက ဒီနေ့မှ စောဝင်လို့ပါလားဗျ။
ဒုတိယလူ - ဒီရထားက မနေ့ကတည်းက ဝင်ရမယ့် ရထားလေ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ