Lifestyle: အဓိပ္ပာယ်ရှိတဲ့ ပုံရိပ်တွေ ကွယ်ဝှက်ထည့်သွင်းထားတဲ့ လိုဂို (၇) ခု

ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ လိုဂိုတွေထဲမှာ မြှုပ်နှံထည့်သွင်း ပုံဖော်ထားတဲ့ ပုံရိပ်အချို့ကို စုစည်းဖော်ပြထားပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ လိုဂိုဖန်တီးမှုတွေ ဖြစ်ပါတယ်။

FedEx

play

 

ဝန်စည်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကုမ္ပဏီ FedEx ရဲ့ လိုဂိုမှာ 'မြား' ပုံရိပ်ကို မြှုပ်နှံထည့်သွင်းထားပါတယ်။

Wendy's

play

 

အသင့်စား အစားအစာ စားသောက်ဆိုင်လုပ်ငန်းစု Wendy's က မိသားစုတွေ ကိုယ့်အိမ်မှာ ကိုယ်တိုင်ချက်စားတဲ့ အရသာကို ပေးစွမ်းနိုင်ကြောင်း ဖော်ပြလိုတာကြောင့် လိုဂိုမှ မိန်းကလေးပုံရဲ့ အင်္ကျီကော်လံနေရာမှာ 'mom' ဆိုတဲ့ စားလုံးကို ပုံဖော်ထားတာ တွေ့နိုင်ပါတယ်။

NBC

play

 

NBC သတင်းမီဒီယာကုမ္ပဏီကို 'the Peacock Network' လို့ လူသိများကြပါတယ်။ ဒါကြောင့်ပဲ NBC က သူ့ရဲ့လိုဂိုမှာ ဒေါင်းငှက်ရဲ့ဦးခေါင်းပုံရိပ်ကို မြှုပ်နှံပုံဖော်ထားပါတယ်။

Formula One (F1)

play

 

င်္ဖော်မြူလာဝမ်းကတော့ အင်္ဂလိပ်ဂဏန်း '1' ကို လိုဂိုထဲမှာ ထည့်သွင်းပုံဖော်ထားတာ ဖြစ်ပါတယ်။

Baskin-Robbins

play

 

ကမ္ဘာ့အကြီးဆုံး ရေခဲမုန့်လုပ်ငန်းစုဖြစ်ပြီး အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်မှာ အခြေစိုက်ပါတယ်။ Baskin-Robbins က ထုတ်လုပ်တဲ့ ရေခဲမုန့်အရသာ ၃၁ မျိုးကို ကိုယ်စားပြုဖော်ပြထားတဲ့ အင်္ဂလိပ်ဂဏန်း '31' ကို ပုံဖော်ထားတာ လိုဂိုထဲမှာ တွေ့နိုင်ပါတယ်။

Atlanta Falcons

play

 

အမေရိကန်ဘောလုံးအသင်း Atlanta Falcons ရဲ့ လိုဂိုက ငှက်တစ်ကောင်ရဲ့ ဦးခေါင်းပိုင်းပုံကို အင်္ဂလိပ်အက္ခရာ 'F' အဖြစ် ပုံဖော်ထားပါတယ်။

Tour de France

play

 

ပြင်သစ်မှာ နှစ်စဉ်ကျင်းပတဲ့ Tour de France စက်ဘီးစီးပြိုင်ပွဲရဲ့ လိုဂိုမှာလည်း မြှုပ်နှံထည့်သွင်းထားတဲ့ ပုံရိပ်တစ်ခု ပါဝင်ပါတယ်။ Tour ရဲ့ 'R' စာလုံးကို အောက်ဖက်က အဝါရောင်နဲ့တွဲဖက်ပြီး လူတစ်ယောက် စက်ဘီးစီးနေပုံကို ထည့်သွင်းပုံဖော်ထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ