Lifestyle: ရေစက်တွေ ပြန့်ကျဲနေတဲ့ နောက်ခံဘက်ဂရောင်းရအောင် ဓာတ်ပုံရိုက်နည်း

တစ်ခါတစ်ရံမှာ အရမ်းကောင်းတဲ့စိတ်ကူးတွေက သင်ထင်ထားတာထက်တောင် လွယ်ကူရိုးရှင်းနေတတ်ပါတယ်။

play

 

ဂျပန်ဓာတ်ပုံဆရာတစ်ယောက်ဟာ သူ့ရဲ့ဓာတ်ပုံတစ်ပုံအတွက် ရေစက်တွေ ပြန့်ကျဲနေတဲ့ အလှဆုံးပုံတစ်ပုံကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပုံကို ရဖို့အတွက် ခေတ်မီနည်းလမ်းကို အသုံးပြုခဲ့တာမဟုတ်ပါဘူး။

play

 

တွစ်တာမှာ တင်ခဲ့တဲ့ ယင်းဓာတ်ပုံဟာ မော်ဒယ်မလေးတစ်ယောက်ရဲ့ ဘီကီနီဓာတ်ပုံဖြစ်ပြီး သူမရဲ့နောက်မှာ ရေစက်တွေ ပြန့်ကျဲနေတဲ့ ပုံကြောင့် အသက်ဝင်လှပတဲ့အတွက် တွစ်တာမှာ လူတိုင်းက နှစ်ခြိုက်ခဲ့တဲ့ပုံလည်း ဖြစ်ပါတယ်။

play

 

အဲဒီဓာတ်ပုံရဖို့အတွက် သူက ရေကူးကန်ရှေ့မှာ ဓာတ်ပုံကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး သူကိုယ်တိုင် ရေကူးကန်ထဲကို ခုန်ချလိုက်တာ ဖြစ်ပါတယ်။

play

 

ဓာတ်ပုံရိုက်လိုက်ချိန်မှာ မော်ဒယ်မလေးရဲ့နောက်မှာ ရေစက်ရေမွှားတွေ ပေါ်နေစေဖို့ ချိန်သားကိုက်ပြီး ခုန်ချလိုက်တာ ဖြစ်ပါတယ်။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ