Lifestyle: လက်ပတ်နာရီ ဝတ်နေရသေးတဲ့ အကြောင်းအရင်း (၄) ခု

နာရီမပါရင် အပြင်မသွားတတ်တာမျိုးပါ။

play

 

ယနေ့ခေတ်မှာ ဖုန်းနဲ့ နာရီကြည့်လို့ရပြီဖြစ်ပေမဲ့ လူတစ်ချို့ကတော့ အကြောင်းအရင်းအမျိုးမျိုးကြောင့် နာရီကို ဝတ်ဆင်နေကြဆဲ ဖြစ်ပါတယ်။

၁ - ဖက်ရှင်

play

 

လက်ပတ်တစ်ခု ဝတ်သလို ဖက်ရှင်တစ်ခုအနေနဲ့ ဝတ်တာဖြစ်ပါတယ်။ နာရီတွေ အများကြီးဝယ်ပြီး တစ်ခုပြီး တစ်ခု ပြောင်းဝတ်သူတွေရှိသလို နှစ်လုံးလောက်ကို အပြောင်းအလဲလုပ်ပြီး ဝတ်သူတွေလည်း ရှိပါတယ်။

၂ - အကျင့်

ငယ်ငယ်ကတည်းက နာရီဝတ်ပြီးနေလာတော့ နာရီမပါရင် အပြင်မသွားတတ်တာမျိုးပါ။ နာရီပါမှလည်း ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ်လို့ ခံစားရပါတယ်။

၃ - ခန့်ညားမှု

play

 

ပွဲလမ်းသဘင်သွားတဲ့အခါမျိုးမှာ လက်ဝတ်လက်စားဝတ်သလို နာရီပါမှ ခန့်တယ်လို့ ထင်တာကြောင့်ပါ။

၎ - အသုံးအဆောင်

play

 

အမျိုးသမီးတွေအတွက် ဆွဲကြိုးလို တွဲဖက်ဝတ်ဆင်စရာ အမြောက်အများရှိပေမဲ့ ယောကျာ်းလေးတွေအတွက် တွဲဖက်ဝတ်ဆင်စရာ သိပ်မရှိပါဘူး။ တွဲဖက်ဝတ်ဆင်စရာတစ်ခုအနေနဲ့ ဝတ်တာလည်း ဖြစ်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ