Lifestyle: စွန့်ဦးတီထွင် လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု ဘယ်လိုရှာမလဲ

, updated

လုပ်ငန်စတင် လည်ပတ်ဖို့အတွက် ရင်းနှီးမြုပ်နှံမှုဟာ မပါမဖြစ် အရာပါ။

play

 

Chivas The Venture ရဲ့အဓိက ပံ့ပိုးကူညီမှုနဲ့ ပြုလုပ်ခဲ့တဲ့ Duwun Talks : အိပ်မက်များမှသည် လက်တွေ့ အောင်မြင်မှုဆီသို့ ဆွေးနွေးပွဲမှာ Nex ရဲ့ တည်ထောင်သူ စီအီးအို ကိုရဲမြတ်မင်း ဆွေးနွေးခဲ့တဲ့ အကြောင်းအရာထဲက စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် လုပ်ငန်းစဖို့ ရင်းနှီးမြှုပ်နှံမှု ဘယ်က ရှာမလဲဆိုတဲ့အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

စီးပွားရေး လုပ်န်းတစ်ခု စတင်လည်ပတ်ဖို့ဆိုတာ ပထမဆုံး စိတ်ကူးအကြံဉာဏ်လိုအပ်မှာဖြစ်ပြီး အဲဒီနောက်မှာ ငွေကြေးရင်းနှီးမြှုပ်နှံမှု လိုက်လာပါတယ်။ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား မလုပ်နိုင်ဘဲ လုပ်ငန်းစတင်ချင်သူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှု ဘယ်လိုအရင်ရှာလဲဆိုတာ ကိုရဲမြတ်မင်းက အခုလို အကြံပေးပါတယ်။

play

 

" ကျွန်တော်လုပ်ငန်းစဖို့လုပ်တုန်းက အိမ်ကလည်း ပိုက်ဆံမပေးနိုင်တဲ့အခြေအနေလေ။ ကိုယ်ကလည်း ကျောင်းတက်တုန်း ရှိသေးတယ်။ အဲဒီတော့ ကျွန်တော် Excel Sheet တစ်ခုလုပ်လိုက်တယ်။ ကျွန်တော့်ကို ရင်းနှီးမြှုပ်နှံမှု ပေးနိုင်မယ့် သူတွေ(လုပ်ငန်းတွေ)ကို စာရင်းလုပ်လိုက်တယ်။ အဲဒီစာရင်းကို ဘယ်လိုလုပ်လဲဆိုတော့ Linked-in လိုဝက်ဘ်ဆိုက်မျိုးတွေကနေ ရှာတယ်။ မြန်မာပြည်နဲ့ အာရှကိုစိတ်ဝင်စားတဲ့သူတွေကို ကျွန်တော်အင်တာနက်မှာရှာတယ်"

ဘယ်လိုစုံစမ်းမလဲ

" သူတို့ ဘယ်လောက် ရင်းနှီးမြှုပ်နှံနိုင်မလဲဆိုတာလည်း ကျွန်တော်လိုက်ကြည့်ရတာပေါ့။ သူတို့ရဲ့ ကုမ္ပဏီဝက်ဘ်ဆိုက်တွေ၊ PR ဝက်ဘ်ဆိုက်တွေကတစ်ဆင့် အချက်အလက်တွေ ဝင်ကြည့်တယ်။ သူတို့စိတ်ဝင်စားနိုင်ပါ့မလားဆိုတာလည်း ကြည့်ရသေးတာပေါ့။ ဖြစ်နိုင်ချေအရ တွက်ကြည့်ပြီးတော့ ကျွန်တော့်တုန်းကတော့ ငါးဆယ်လောက် စာရင်းလုပ်ပြီး အီးမေးလ်ပို့ ဆက်သွယ်ခဲ့တာပါ"

ဘယ်လို ရှေ့ဆက်မလဲ

" ကျွန်တော်ပို့လိုက်တဲ့ အီးမေးလ်ကတစ်ဆင့် တခြားတစ်ယောက်ကို ဆက်သွယ်အသိပေးခဲ့တဲ့အတွက် အဲဒီမြှုပ်နှံသူက ကျွန်တော့်ကို ဖုန်းဆက်လာခဲ့တယ်။ နှစ်နာရီအတွင်း တွေ့ချင်တယ်ဆိုတော့ ကျွန်တော် presentation ကိုရှိသမျှနဲ့ မြန်မြန်လုပ်ပြီး သွားတွေ့တဲ့အခါ အဆင်ပြေသွားပါတယ်။ တစ်ခါပြီးတစ်ခါ ပိုပြီးခက်လာတာပဲရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှု များလာတာနဲ့အမျှ deal လုပ်ရတာလည်း ပိုဂရုစိုက်လာရတာမျိုးပါ"။

play

 

ဘာတွေ ပြင်ထားရမလဲ

" နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင် ပြည်တွင်းမှာ ကုမ္ပဏီက ဘယ်လို Structure ရှိရမလဲ၊ ပြည်ပမှာ ဘယ်လိုရှိရမလဲ ဆိုတာတွေရယ်၊ Invisible ဖြစ်ဖို့ ကိုယ့်မှာ ဘာအရည်အချင်းတွေ ရှိရမလဲဆိုတာမျိုးတွေပေါ့။ ဒါမျိုးတွေ ပြင်ထားမှ မြှုပ်နှံသူတွေကို ကိုယ့်ဘက်က စကားပြောနိုင်မှာပါ"။

ဒါတွေကတော့ စီးပွားရေးလုပ်ငန်းတစ်ခုစတင်တဲ့အခါ ဘယ်လို Funding လုပ်မလဲဆိုတဲ့ အကြံပြုချက်တွေဖြစ်ပါတယ်။

- ဗီဒီယိုကြည့်ရှုရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး