Lifestyle: လွယ်မလိုနဲ့ အဖြေမှန်ရဖို့ ခက်တဲ့ ဉာဏ်စမ်းပုစ္ဆာ

မြင်း၊ မြင်းစီးဖိနပ်နဲ့ မြင်းခွာတို့ကို အသုံးပြုပြီး တွက်ချက်တဲ့ ပုစ္ဆာဖြစ်ပါတယ်။

play

 

ရုတ်တရက်ကြည့်လိုက်တဲ့အခါ လွယ်မယ်လို့ ထင်ရတဲ့ သင်္ချာဉာဏ်စမ်းပုစ္ဆာတစ်ပုဒ်အကြောင်း လူမှုကွန်ယက်မှာ လူပြောများလာပါတယ်။

မြင်း၊ မြင်းခွာနဲ့ မြင်းစီးဖိနပ်တို့ကို ထည့်သွင်းပြီး ပုစ္ဆာဖန်တီးထားတာ ဖြစ်တဲ့ ဒီပုစ္ဆာထဲမှာ မျက်စိလှည့်ထားတဲ့ မေးမြန်းမှုတွေ ပါရှိတာကြောင့် ဖြေဆိုသူအတော်များများဟာ မှန်ကန်အောင် မတွက်နိုင်ကြပါဘူး။

ပထမ ညီမျှခြင်းမှာ မြင်းသုံးကောင်ဟာ ၃၀ နဲ့ညီမျှတယ်လို့ ဆိုပါတယ်။ ဒုတိယ ညီမျှခြင်းကတော့ မြင်း ၁ ကောင်ထဲနဲ့ မြင်းခွာ ၂ စုံပေါင်းခြင်းဟာ ၁၈ နဲ့ညီတယ်လို့ ဆိုပြန်ပါတယ်။

အဲဒီနောက်မြင်းခွာ ၁ စုံထဲက မြင်းစီးဖိနပ်တစ်စုံကိုနုတ်ခြင်းဟာ ၂ ရတယ်လို့ ဆိုပြန်ပါတယ်။

မေးခွန်းကတော့ မြင်းစီးဖိနစ် တစ်ဖက် + မြင်းတစ်ကောင် + မြင်းခွာတစ်ခု ပေါင်းခြင်းဟာ ဘယ်လောက်ရမလဲလို့ မေးမြန်းတာပါ။ ဒီမေးခွန်ကို ၄၈ လို့ဖြေဆိုကြသူ အတော်များတာ တွေ့ရပါတယ်။

play

 

သင်္ချာပုစ္ဆာတွက်ချက်ရာမှာ အရေးပါတဲ့ BODMAS သီအိုရီကို အသုံးပြုပြီး တွက်ချက်မယ်ဆိုရင် အဖြေမှန်က ၂၁ လို့ဆိုပါတယ်။ ၁၀ နဲ့ညီမျှတဲ့ မြင်းတစ်ကောင်ရယ် ၂ နဲ့ညီမျှတဲ့ မြင်းခွာရယ်ကို အရင်ပေါင်းရမှာပါ။ ပြီးမှ ၁ နဲ့ညီမျှတဲ့ မြင်းစီးဖိနပ်ကို ထပ်ပေါင်းရမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ