Lifestyle: ၂၀၁၇ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်ထဲက ထူးထူးခြားခြားအရာ (၈) ခု

ကမ္ဘာ့အကြီးဆုံးစာတိုက်ပုံးက ၅၇၄၃.၄၁ ပေ မြင့်ပါတယ်။

play


ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက အထူးခြားဆုံးအရာတွေကို ရှာဖွေစုံစမ်းကာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်မှတ်တမ်းကို ပေးအပ်လေ့ရှိပါတယ်။ စံချိန်တွေကလည်း တစ်နှစ်နဲ့တစ်နှစ် မတူညီကြပါဘူး။ ၂၀၁၇ ဂင်းနစ်မှတ်တမ်းစာအုပ်ထဲက ထူးခြားဆန်းပြားတာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ အကျယ်ဆုံးပါးစပ်

play


ဂျာမနီက ဘားနဒ် ရှမစ် ဆိုသူရဲ့ပါးစပ်အကျယ်ဟာ ၃.၅ လက်မ ရှိပါတယ်။

၂။ ငယ်ငယ်ရွယ်ရွယ်နဲ့မုတ်ဆိတ်မွှေးပေါက်တဲ့ကောင်မလေး

play


ယူကေက ဟာနမ် ကွား ဆိုသူလေးကတော့ မုတ်ဆိတ်နဲ့ပါးသိုင်းမွေးအပြည့်ပေါက်တဲ့ အငယ်ဆုံးမိန်းကလေးအဖြစ် စံချိန်တင်ပါတယ်။ စံချိန်တင်တဲ့နေ့မှာ သူမရဲ့အသက်က ၂၄ နှစ်နဲ့ ၂၈၂ ရက် ရှိပါပြီ။

၃။ တက်တူးအများဆုံးအမျိုးသမီးကြီး

play


အသက် ၆၇ နှစ်ရှိ ဖလော်ရီဒါသူ ရှားလော့ ဂတ်တန်ဘတ်ဟာ အသက်ကြီးကြီးအမျိုးသမီးတွေထဲမှာ တက်တူးအများဆုံးပါပဲ။ သူမခန္ဓာကိုယ်ရဲ့ ၉၁.၅ ရာခိုင်နှုန်းကို တက်တူးတွေဖုံးလွှမ်းထားပါတယ်။

၎။ အကြီးဆုံးရေခဲမုန့်ခပ်ခွက်

play


အီတလီနိုင်ငံ ဖော်နို ဒီ ဇိုလ်ဒိုမြို့က ဒီမီထရီ ပန်စီယာရာက ကမ္ဘာ့အကြီးဆုံး ရေခဲမုန့်ခပ်ခွက်ပိုင်ရှင်ပါ။ ၆ ပေ ၄.၇ လက်မ ရှည်ပါတယ်။

၅။ ခွက်တစ်ခုထဲမှာရေခဲမုန့်အများဆုံးထည့်ပြနိုင်သူ

play


ဒီမီထရီကပဲ ဒီစံချိန်ကို ဆက်လက်ရသွားပါတယ်။ ကတော့ပုံ ဝေဖာရေခဲမုန့်ခွက်လေးထဲမှာ ရေခဲမုန့် ၁၂၁ ခုကို ထည့်ပြသွားပါတယ်။

၆။ ခြေထောက်လှည့်နိုင်သူ

play


လန်ဒန်က ဆယ်ကျော်သက်လေး မက်စ်ဝဲလ် ဒေးရဲ့ ခြေထောက်တွေက ၁၅၇ ဒီဂရီအထိ လှည့်ပြနိုင်ပါတယ်။

၇။ အမြီးအရှည်ဆုံးခွေး

play


ဘယ်လ်ဂျီယံက Ilse Loodts ပိုင်တဲ့ ကီအွန်အမည်ရှိခွေးမှာ ၃၀.၂ လက်မ (၂.၅၁၆ ပေ) ရှည်လျားပါတယ်။

၈။ အကြီးဆုံးစာတိုက်ပုံး

play


၅၇၄၃.၄၁ ပေ မြင့်မားတဲ့ စာတိုက်ပုံးကြီးကို အီလီနွိုက်က ဂျင်မ် ဘိုးလင်းဆိုသူက ပြုလုပ်ခဲ့တာပါ။ အထဲမှာ လှေကားတွေတောင်လုပ်ထားပါတယ်။
Source : HuffPost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ