Lifestyle: ထူးခြားတဲ့ သတို့သမီးဝတ်စုံနဲ့ လိုက်ဖက်အောင် ပြင်ဆင်ထားတဲ့ မင်္ဂလာအခမ်းအနား

, updated

သတို့သမီးရဲ့ ဆန်းသစ်တဲ့ စိတ်ကူးလေးပါ။

 

ပန်းချီဆရာမလေးဖြစ်တဲ့ တေလာအန်းလင်ကိုဟာ ခရစ္စနဲ့ လက်ထပ်ချိန်မှာ သတို့သမီးတိုင်းဝတ်ဆင်တဲ့ အဖြူစွပ်စွပ်ဝတ်စုံကို သူမ မရွေးချယ်သင့်ဘူးလို တွေးလိုက်တယ်။

 

သူမက ပန်းချီဆရာမလေ။ သူများနဲ့မတူတဲ့ ပုံစံတွေကို သဘောကျတတ်တဲ့သူမဟာ သူမရဲ့ဖန်တီးနိုင်စွမ်းရည်ကို သူမဘဝရဲ့ အရေးပါဆုံးအချိန်တစ်ချိန်မှာ ထုတ်သုံးလိုက်ပါတယ်။

 

ရိုးရာမင်္ဂလာဝတ်စုံဟောင်းတစ်ခုကို တေလာက ဝယ်ယူပြီး အဲဒီဝတ်စုံမှာ အရောင်တွေ ထပ်ထည့်လိုက်ပါတယ်။ နေဝင်ချိန်ပုံစံလေး ဖန်တီးဖို့ ဆုံးဖြတ်လိုက်တဲ့ သူမဟာ အနီရင့်ရင့်၊ လိမ္မော်နဲ့ ခရမ်းတို့ကို ရောထွေးလိုက်တယ်။

 

သူမရဲ့ဝတ်စုံနဲ့ လိုက်ဖက်အောင် သူမရဲ့ဆံပင်ကာလာ၊ လက်မှာ ကိုင်တဲ့ ပန်းစီး၊ မင်္ဂလာကိတ်မုန့်နဲ့ ခန်းမအပြင်အဆင်အားလုံးကိုလည်း သူမရဲ့ဂါဝန်နဲ့ လိုက်ဖက်အောင် ပြင်ဆင်လိုက်တဲ့အတွက် မျှော်လင့်ထားသလိုပဲ သူမရဲ့မင်္ဂလာဆောင်ဟာ တမူထူးခြားဆန်းသစ်ခဲ့ပါတယ်။

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ