Lifestyle: နေ့စဉ် မြို့တစ်ပတ်ပတ်ပြီး တစ်မြို့လုံးကို လိုက်နှုတ်ဆက်တဲ့ ခွေးလေး

, updated

တစ်မြို့လုံးက သူ့ကို ဝိုင်းဝန်းစောင့်ရှောက်နေတာ ဖြစ်ပါတယ်။

 

ခွေးတစ်ကောင်အတွက် သခင်တစ်ယောက်သာ ရှိတယ်ဆိုတဲ့စကား ရှိပေမဲ့ ဒီခွေးလေးမှာတော့ သခင်တစ်ယောက်မကပါဘူး။

မင်နက်စ်ဆိုတာပြည်နယ်၊ လောင်းဗဲလ်မြို့မှာ နေထိုင်တဲ့ ခွေးလေးအတွက် တစ်မြို့လုံးက သူ့သခင်တွေဖြစ်နေပါတယ်။

 

ဘရူနိုလေး ငယ်ငယ်တုန်းက ဒက်ဘီနဲ့ လော်ရီလာဗယ်လီတို့ရဲ့ ကိုယ်ပိုင်ကားလမ်းပေါ်မှာ တွေ့တဲ့သူက သူတို့အိမ်ကို လာပို့ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ခွေးမဟုတ်ဘူးလို့ ဒက်ဘီတို့က ပြောခဲ့ပေမဲ့ ခွေးလေးကို ခေါ်ထားပြီး နာမည်လည်း ပေးခဲ့ပါတယ်။

ဘရူနိုဟာ အရမ်းကို လွတ်လပ်မှုကို ခုံမင်သူဖြစ်ပါတယ်။ ဘယ်လိုမှ ကြိုးနဲ့ ချည်ထားလို့မရတဲ့အတွက် သူ့ကို ဒီအတိုင်းလွှတ်ထားခဲ့ရပြီး အဲဒီကတည်းက တစ်မြို့လုံး လျှောက်သွားနေခဲ့တာပါ။

 

နေ့စဉ် လေးမိုင်ကျယ်တဲ့ လောင်းဗဲလ်တစ်လျှောက် လျှောက်သွားပြီး ရပ်နေကျ ဆိုင်တွေ၊ လုပ်ငန်းတွေ၊ အိမ်တွေနဲ့ ပြည်သူပိုင်အဆောက်အအုံတွေမှာ ရပ်တန့်ကာ အားလုံးကို နှုတ်ဆက်ပါတယ်။

"သူက ကျွန်တော်တို့ရဲ့ခွေးလေးပါ။ သူ့ကို တတ်နိုင်သလောက် စောင့်ရှောက်တယ်။ ပြီးခဲ့တဲ့အပတ်က သူ အထဲထိ ဝင်လာတယ်။ တစ်နာရီခွဲလောက်နေသွားတယ်" လို့ အိမ်ပွဲစားတစ်ဦးဖြစ်တဲ့ ပက်ထရစ်မိုရန်က ဆိုပါတယ်။

သူဟာ ခရီးရှည်ကြီးကို တစ်ကိုယ်တည်း လျှောက်သွားနေပေမဲ့ သူ့မှာ ကူညီစောင့်ရှောက်မယ့် နတ်တစ်ပါးရှိလို့ ဘာမှ ဖြစ်မှာမဟုတ်ဘူးလို့ လူတွေက ပြောကြပါတယ်။

 

သူ့ကို အစားအစာတွေ အများကြီး နေ့စဉ်ကျွေးတဲ့ စူပါမားကတ်တစ်ခုကနေ သူ့ရဲ့ နေ့စဉ်ခရီးကို အမြဲတမ်း စတင်လေ့ရှိပါတယ်။

ဘရူနိုဟာ ရေခဲမုန့်ကြိုက်သလို သူ့ကို ပွတ်သပ်ချော့မြှူတာကိုလည်း နှစ်သက်သူပါ။

သူ့ကို တစ်မြို့လုံးက မြို့ရဲ့ခွေးလေးနဲ့ သံတမန်အဖြစ် သတ်မှတ်ထားကြပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ