Lifestyle: မသေခင်လေး ငါးဖမ်းသွားချင်ပါသေးတယ်ဆိုတဲ့ အဘိုးအို

ဝါသနာဆိုတာမျိုးကတော့ တားဆီးထိန်းချုပ်ဖို့ခက်လှပါတယ်။

play

 

ကွန်နီ ဝယ်လ်ဟိုက် ဆိုတဲ့ ဗီယက်နမ်စစ်ပြန်ကြီးရဲ့ နောက်ဆုံးဆန္ဒကတော့ ကိုယ်တိုင်ကိုယ်ကျ ငါးမျှားသွားချင်တာပါလို့ ဆိုပါတယ်။ သူက အသက် ၆၈ နှစ် ရှိပြီဖြစ်ကာ ကင်ဆာရောဂါကိုခံစားနေရတာဖြစ်ပါတယ်။

play

 

ဆေးရုံဝန်ထမ်းတွေကလည်း အဘိုးအိုရဲ့ ဆန္ဒကိုလိုက်လျောပေးခဲ့ကြပါတယ်။ ကုတင်ကို ဆေးရုံဝင်းထဲက ရေကန်နားကို တွန်းယူလာပေးခဲ့ကြပြီး ငါးမျှားတံလေးကို အဘိုးရဲ့လက်ထဲ ထည့်ပေးခဲ့ပါတယ်။ ရေတပ်သားဟောင်းကြိး ကွန်နီက ကုတင်ပေါ်မှာ ပက်လက်လဲလျောင်းနေရင်း ငါးလေးကောင်ဖမ်းမိခဲ့ပါသတဲ့။

နောက်ဆုံးဆန္ဒလေး ပြည့်ဝသွားတဲ့ အဘိုးအိုဟာ သြဂုတ် ၂၉ ရက်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့ပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ