Lifestyle: ကိုယ်ပိုင်အခန်းတစ်ခုရထားတဲ့ ချီဟွာဟွာခွေးလေး

ပန်းချီကားတစ်ချပ်တောင် ချိတ်ဆွဲပေးထားပုံက တကယ့်လူနေအခန်းလိုပါပဲ။

play

 

ပွန်ချိုဆိုတဲ့ ချီဟွာဟွာခွေးလေးကတော့ အခြားခွေးတွေထက် အတော်လေး အဆင့်မြင့်မြင့်နေရသူပါ။ ကိုယ်ပိုင်အခန်းသီးသန့်ရှိတဲ့ခွေးဆိုတာလည်း ပွန်ချိုတစ်ကောင်ပဲရှိဦးမယ် ထင်ပါရဲ့။

play

 

ဂျော်ဂျီယာပြည်နယ်မှာနေထိုင်တဲ့ သူ့ရဲ့သခင် ဘတ်တီ မက်ကောလ်က လှေကားအောက်ခြေနားမှာ ပွန်ချိုအတွက် အခန်းငယ်လေးတစ်ခု ဖန်တီးပေးထားပါတယ်။ ကိုယ်ပိုင်ခုတင်၊ ဗီရို၊ မီးအုပ်ဆောင်းနဲ့ ပန်းချီကားတစ်ချပ်တောင် ချိတ်ဆွဲပေးထားပုံက တကယ့်လူနေအခန်းလိုပါပဲ။

play

 

ဘတ်တီဟာ သူမရဲ့ခွေးလေး ပွန်ချိုအတွက် အခန်းကို လက်သမားဆရာတွေကို ငှားရမ်းပြီး သေသေချာချာ ပြုလုပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

Source : Yahoo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ