Lifestyle: ဆယ်ဖီမရိုက်သင့်တဲ့ နေရာ (၅) ခု

ရန်ဖြစ်တာတို့၊ ဓားပြတိုက်တာတို့လို နေရာတွေမှာလည်း ဆယ်ဖီမရိုက်ပါနဲ့။ တော်နေကြာ ခံရတဲ့လူက ကိုယ်ပဲဖြစ်သွားပါဦးမယ်။

play

 

လူတိုင်းမှာ ကိုယ်စီ ဝါသနာပါရာလေးတွေ ရှိတတ်ကြပါတယ်။ ဆယ်ဖီရိုက် ဝါသနာပါလွန်းတာကို အပြစ်တစ်ခုလို့ မဆိုသာပါဘူး။ ကိုယ့်ပုံကိုယ် လှလှလေးပဲရိုက်ရိုက် ခံစားချက်တစ်ခုနဲ့ပဲရိုက်ရိုက် ဆယ်ဖီလေးရိုက်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ကြသူတွေကလည်း အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ဆယ်ဖီပုံက ကိုယ်တိုင်အတွက်ရော တခြားလူတွေအတွက်ပါ ထိခိုက်နစ်နာမှုမဖြစ်စေဖို့လည်း လိုပါသေးတယ်။ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ဆယ်ဖီမရိုက်သင့်တာတွေလည်း ရှိပါတယ်။

play

 

၁။ စာကြည့်တိုက်

စာကြည့်တိုက်ကို စာဖတ်ဖို့သွားတာမဟုတ်ဘဲ ဆယ်ဖီရိုက်ဖို့သွားတယ်ဆိုပြီး သူများတွေ ကဲ့ရဲ့မှာ အသေအချာပါပဲ။

play

 

၂။ ယာဉ်တစ်ခုခုမောင်းနေချိန်

ကားမောင်းနေရင်း၊ ဆိုင်ကယ်မောင်းနေရင်း ဆယ်ဖီပုံအလန်းလေးရရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ယာဉ်တိုက်မှုဖြစ်လို့ ဆေးရုံရောက်ဖို့က ပိုများပါတယ်။

play

 

၃။ မှုခင်းဖြစ်ပွားရာနေရာ

နောက်မှာ မီးတွေလောင်နေတာမျိုး၊ လူတွေထိခိုက်ဒဏ်ရာရနေတာမျိုးကို နောက်ခံထားပြီးရိုက်တဲ့ဆယ်ဖီက သင့်ကိုအတ္တကြီးသူအဖြစ် သတ်မှတ်ခံရစေနိုင်ပါတယ်။ လူတွေကို ကူညီရမယ့်အစား ဖုန်းလေးထုတ် ဆယ်ဖီရိုက်ပြီး အွန်လိုင်းပေါ်တင်တာမျိုး မလုပ်သင့်ပါဘူး။ ရန်ဖြစ်တာတို့၊ ဓားပြတိုက်တာတို့လို နေရာတွေမှာလည်း ဆယ်ဖီမရိုက်ပါနဲ့။ တော်နေကြာ ခံရတဲ့လူက ကိုယ်ပဲဖြစ်သွားပါဦးမယ်။ ကိုယ့်ဘာသာအန္တရာယ်ကင်းအောင်သာ ဝေးဝေးရှောင်ပါ။

play

 

၎။ နာရေး

ဒါလည်းပဲ အတူတူပါပဲ။ သူများတွေ ဝမ်းနည်းငိုကြွေးနေချိန်မှာ အလိုက်ကန်းဆိုးမသိ "သင်္ချိုင်းရောက် အမှတ်တရ" တို့ ဘာတို့ ဆိုပြီး ဖေ့စ်ဘွတ်ပေါ်တင်ဖို့ မကြံပါနဲ့။ သူများနာရေးကို နှစ်သိမ့်ဖို့သွားရာကနေ ဆယ်ဖီမရိုက်ရမနေနိုင်တဲ့ပိုးကြောင့် ဆိုးရွားတဲ့အခြေအနေတစ်ခုကို ဦးတည်သွားစေနိုင်ပါတယ်။

play

 

၅။ အကျွမ်းမဝင်တဲ့ တိရစ္ဆာန်

သားရဲတိရစ္ဆာန်တွေနဲ့ ခွေးလို အန္တရာယ်ပေးနိုင်တဲ့ တိရစ္ဆာန်တွေဟာ ကိုယ်နဲ့ ယဉ်ပါးနေကြတာမဟုတ်ဘူးဆိုရင် ဒုက္ခရောက်သွားနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ