Lifestyle: ဆံပင်ညှပ်ဖို့အတွက် မိုင်တစ်ထောင်ခရီးကို နှစ်စဉ် ၄ ခေါက်သွားသူ

မိုင် ၅၀၀ အကွာမှာရှိပြီး အသွားအပြန် မိုင်တစ်ထောင် သွားရပါတယ်။

play

 

စကော့တလန် တောင်တန်းဒေသမှာနေထိုင်တဲ့ ရေးဂျိမ်းစ်ဆိုတဲ့လူဟာ  သူ့ရဲ့ အိမ်နဲ့ မိုင် ၅၀၀ အကွာမှာရှိတဲ့ အင်္ဂလန်နိုင်ငံ အနောက်အလယ်ပိုင်းက  West Midlands ကောင်တီကို ဆံပင်ညှပ်ဖို့အတွက် တစ်နှစ် ၄ ခေါက်သွားပါတယ်။

play

 

အသွားအပြန် မိုင်တစ်ထောင်ကွာတဲ့ အဲဒီခရီးကို သူ့ရဲ့ ၅၃ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Morris Minor ကားကို မောင်းပြီးသွားတာပါ။

ရေးဂျိမ်းစ်ဟာ ၁၉၅၀ ပြည့်နှစ်များအတွင်းကစလို့ အဲဒီဆံပင်ညှပ်ဆိုင်မှာ စညှပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၂ နှစ်က စကော့တလန်ကို ပြောင်းရွှေ့ခဲ့ပေမဲ့လည်း အရောက်သွားပြီး ညှပ်ခဲ့တာပါ။

play

 

"သူ့နာမည်က ဒေ့ဗ်အိုလီဗာတဲ့။ သူက အရမ်းတော်တဲ့သူပါ။ ကျွန်တော်ဘာလိုချင်လဲ သူသိတယ်။ သူ့ဆီသွားတယ်ဆိုတာ ဆံပင်ညှပ်ဖို့သက်သက်ထက် ပိုပါတယ်။ သူ ဆံပင်ညှပ်နေတုန်း မိနစ် ၃၀ လောက် စကားပြောကြတယ်" လို့ ရေးက သူနဲ့ ဆံပင်ညှပ်ဆရာရဲ့ သံယောဇဉ်ကို ပြောပြခဲ့ပါတယ်။

တစ်ခါက ဒေ့ဗ်ရဲ့ဆိုင်မှာ လူပြည့်စဉ် မစောင့်နိုင်လို့ တခြားဆိုင်မှာ သွားညှပ်ခဲ့တဲ့ ရေးဟာ အဲဒီအတွက် အတော်လေး နောင်တရခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီလူ ဆံပင်ညှပ်တာ အဆင်မပြေတော့ လူတိုင်းက ကျွန်တော့်ကို ရယ်ကြတယ်။ ဒေ့ဗ်ကလည်း ရယ်တယ်။ အဲဒီကတည်းက ဘယ်မှာမှ ဆံပင်မညှပ်တော့ဘူး" လို့ ရေးက ပြောပြခဲ့ပါတယ်။

play

 

ဆံပင်ညှပ်ဆရာ ဒေ့ဗ်အိုလီဗာဟာ လွန်ခဲ့တဲ့ ၄ နှစ်က ကွယ်လွန်သွားပေမဲ့ ရေးကတော့ ဆံပင်ညှပ်ဖို့အတွက် မိုင်တစ်ထောင်ခရီးကို နှင်တုန်းပါပဲ။

ဘာကြောင့်လဲဆိုတော့ ရေးဟာ ဒေ့ဗ်ရဲ့ ဈာပနမှာ အန်ဒရူးဆိုတဲ့ ဆံပင်ညှပ်ဆရာတစ်ယောက်နဲ့ ဆုံဆည်းခဲ့ပြီး ဒေ့ဗ်ဆီက ပညာတွေရခဲ့တဲ့ အန်ဒရူးဆိုတဲ့ ဆံပင်ညှပ်ဆရာကိုလည်း သူသဘောကျသွားခဲ့လို့ ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ