Lifestyle: ဖေ့စ်ဘွတ်သုံးလွန်းသူတွေက မိဘတွေနဲ့ ပိုငြင်းခုံလေ့ရှိ

ဆိုရှယ်မီဒီယာသုံးသူတွေဟာ မသုံးသူတွေထက် တက္ကသိုလ်တက်ချင်စိတ်ပိုများတယ်လို့ ဆိုပါတယ်။

play

 

ဖေ့စ်ဘွတ်မှာ အချိန်ကုန်တာများလွန်းသူတွေဟာ မိဘတွေနဲ့ ပိုမိုစကားများလေ့ရှိတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ ၁၀ နှစ်ကနေ ၁၅ နှစ်ကြားကလေးပေါင်း ၃၅၀၀ ကိုလေ့လာခဲ့တဲ့ အဆိုပါ သုတေသနမှာ ကလေးပေါင်း ၅၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ သွင်ပြင်ကို မကျေနပ်ကြဘဲ ၄၄ ရာခိုင်နှုန်းကတော့ မိဘတွေနဲ့ ပိုမို စကားများလေ့ရှိကြတာ ဖြစ်ပါတယ်။

  Daily Mail ရဲ့ ဖော်ပြချက်အရ သုတေသနကို ဗြိတိန်နိုင်ငံ Essex  တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အွန်လိုင်းကို သုံးနာရီကျော်ကြာသုံးတဲ့ ၄၄ ရာခိုင်နှုန်းဟာ မိခင်တွေနဲ့ တစ်ပတ်တစ်ခါမက စကားများကြတာ ဖြစ်ပါတယ်။

 သုတေသနရဲ့ အခြားတွေ့ရှိချက်တစ်ခုက ဆိုရှယ်မီဒီယာသုံးသူတွေဟာ မသုံးသူတွေထက် တက္ကသိုလ်တက်ချင်စိတ်ပိုများတယ်လို့ ဆိုပါတယ်။

Photos & Source:Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ