Lifestyle: တရုတ်နိုင်ငံမှ ၅၄ နှစ်ကြာ ဂူအောင်းစုံတွဲ

ဂူထဲမှာနေရတာက သူတို့အတွက် သက်သောင့်သက်သာရှိပြီး အဆင်ပြေတယ်လို့ သူတို့စုံတွဲက ဆိုပါတယ်။

play


တရုတ်နိုင်ငံမှ သက်ကြီးရွယ်အို စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ကလေးတွေနဲ့အတူ ပြီးခဲ့တဲ့ ၅၄ နှစ်လုံး ဂူတစ်ခုထဲမှာ နေထိုင်လာခဲ့ကြောင်း သတင်းက တရုတ်လူမှုကွန်ရက် Weibo မှာ ပြောဆိုဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။

play


အသက် ၈၁ နှစ်အရွယ် လီအန်ဇီဖူနဲ့ ၎င်းရဲ့ဇနီး အသက် ၇၇ နှစ်အရွယ် လီဆူရင်းတို့ဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း နေစရာအိမ်မရှိတာကြောင့် တရုတ်အနောက်တောင်ပိုင်း နန်ချောင်းမြို့အနီးရှိ ဂူတစ်ခုထဲမှာ ဝင်ရောက်နေထိုင်ခဲ့ကြကြောင်း People's Daily Online သတင်းက ဖော်ပြပါတယ်။

play


ယခုအခါ သူတို့စုံတွဲက ဂူအတွင်းမှာ အိပ်ခန်းသုံးခန်း၊ မီးဖိုချောင်နဲ့ ဧည့်ခန်းတို့ကို ဖန်တီးထားကြောင်းလည်း သိရပါတယ်။ ခင်ပွန်းဖြစ်သူ လီအန်က လက်ထပ်ပြီးနောက် သုံးနှစ်အကြာမှာ ဂူကိုတွေ့ရှိခဲ့ပြီး ထိုစဉ်ကတည်းက သူတို့စုံတွဲဟာ ဂူအတွင်း အခြေချနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

play


ယခင်က အဆိုပါဂူမှာ အိမ်ထောင်စုလေးခု နေထိုင်ခဲ့ဖူးပေမဲ့ အားလုံး ပြောင်းရွှေ့သွားခဲ့ကြပြီလို့ လီအန်က ပြောပါတယ်။ လီအန်တို့စုံတွဲက ဝက်မွေးမြူရေးခြံနဲ့ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေး စနစ်လည်းရှိတယ်လို့ ဆိုပါတယ်။

play


သူတို့က ဂူအပေါ်ဘက် မြေလွတ်နေရာမှာ ကိုယ်ပိုင်စိုက်ပျိုးရေးခြံများ စိုက်ပျိုးထားပြီး စားသောက်ကြပါတယ်။ သီးနှံရိတ်သိမ်းချိန်မှာ လီအန်က ဂူအပေါ်ဘက်ကို ကြိုးများဖြင့် တက်ရောက်ကာ သီးနှံများ ဆွတ်ခူးလေ့ရှိပါတယ်။

play


အာဏာပိုင်တွေက သူတို့စုံတွဲကို ဂူထဲမှာမနေဘဲ ပိုကောင်းတဲ့ နေစရာကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပေမဲ့ လီအန်တို့စုံတွဲကတော့ ဂူထဲမှာနေရတာက သူတို့အတွက် သက်သောင့်သက်သာရှိပြီး အဆင်ပြေတယ်လို့ ပြောဆိုပြီး ဂူထဲကနေပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ကြပါတယ်။

play


မိသားစုကိုယ်စီ ရှိနေကြပြီဖြစ်တဲ့ သူတို့စုံတွဲရဲ့ ကလေးတွေကတော့ ဂူထဲမှာမနေချင်ကြဘူးလို့ ဆိုကြပါတယ်။
Source & Photo: Daily Mail, People's Daily Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ