Lifestyle: လုပ်သက် ၈၀ ရှိပြီဖြစ်တဲ့ အသက် ၉၉ နှစ်အရွယ် အဘွားအို

နှစ် ၈၀ လုံးလုံး အလုပ်တစ်ခုထဲမှာပဲ စွဲမြဲစွာ လုပ်ခဲ့သူပါ။

play

 

ဆယ်ကျော်သက်အရွယ်ကတည်းက စလုပ်ခဲ့တဲ့ အလုပ်ကို အရမ်းချစ်တဲ့ အသက် ၉၉ နှစ်အရွယ် အဲလိဆာဘတ်ဒေးဗစ်ဟာ လုံးဝအနားမယူခဲ့ဘဲ အခုဆိုရင် အဲဒီအလုပ်မျာ သူမလုပ်ခဲ့တာ နှစ် ၈၀ တောင် ပြည့်သွားပါပြီ။

အသက်ကြီးရင့်လာသော်လည်း တက်ကြွရွှင်လန်းလွန်းတဲ့ အဘွားအိုဟာ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်၊ ကယ်လ်ဗာမြို့မှာရှိတဲ့ Culver Academies ဒေသကောလိပ်ကို နေ့စဉ် တက်တဲ့သူပါ။

play

 

အတွင်းရေးမှူးတစ်ဦးအဖြစ် အလုပ်လုပ်ရတဲ့ သူမဟာ အလုပ်မှာ အမြဲတမ်း ပျော်တယ်လို့ ဆိုပါတယ်။

"မှတ်တမ်းတွေ ထိန်းသိမ်းရတာ၊ ဒီကလူတွေနဲ့ အလုပ်လုပ်ရတာ သဘောကျတယ်" လို့ သူမက ပြောပြခဲ့ပါတယ်။

play
အလုပ်မလုပ်ခင် ကယ်လ်ဗာအထက်တန်းကျောင်းသူဘဝ

 

၁၉၃၅ ခုနှစ်မှာ ကယ်လ်ဗာအထက်တန်းကျောင်းက ထွက်ချိန်မှာ ကျောင်းသား ၃၄ ဦးသာ ရှိတဲ့ Culver Academies ဒေသကောလိပ်မှာ လက်ထောက်တစ်ဦးအဖြစ် စတင်အလုပ်လုပ်ခဲ့ပြီး အခုဆိုရင် ကျောင်းသား ၈၁၄ ဦးတောင် ရှိနေပါပြီ။

play

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ