Lifestyle: ဂျပန်နိုင်ငံက အချောဆုံး တက္ကစီ ယာဉ်မောင်း

အချိန်ပိုင်း မော်ဒယ်တစ်ယောက်အဖြစ်လည်း အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်ပါတယ်။

 

လမ်းသွားရင်း ကားပေါ်ရောက်နေတုန်း လမ်းတွေပိတ်တဲ့အခါ ကားပေါ်က ဆင်းပြေးပြီးလမ်းလျှောက်သွားချင်လောက်အောင် ဖြစ်ဖူးကြမှာပါ။ ဂျပနိုင်ငံက တက္ကစီယာဉ်မောင်း တစ်ဦးနဲ့ တွေ့လိုက်ရင်တော့ ဒီခံစားချက်ဟာ ပြောင်းပြန်ဖြစ်သွားပါလိမ့်မယ်။

 

အီကူတာကာနာလို့ အမည်ရတဲ့ အမျိုးသမီးငယ်လေးဟာ ဂျပန်က အငှားယာဉ်မောင်းတွေထဲမှာ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ အကြောင်းကတော့ သူမရဲ့ ရုပ်ရည်ကြောင့် ဖြစ်ပါတယ်။ အီကူတာ ဟာအငှားယာဉ်မောင် ဆိုပေမဲ့ လှပတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။

 

 သူမမှာ အလုပ်နှစ်ခု ရှိပါတယ်။ တစ်မျိုးက အချိန်ပိုင်း မော်ဒယ်အလုပ်ဖြစ်ပြီး တစ်ခါတစ်ရံမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေလည်း ရိုက်ပေးလေ့ရှိပါတယ်။

 

နောက်တစ်မျိုးကတော့ သူ့ကိုပိုပြီးနာမည်ကြီးသွားစေတဲ့ အငှားယာဉ်မောင်းအလုပ်ပါ။ ရုပ်သံမှာ သူမရဲ့ယာဉ်မောင်းအလုပ်ကို အင်တာဗျူးထားတာ ထုတ်လွှင့်ပြီးနောက်ပိုင်း ပိုပြီးနာမည်ကျော်လာခဲ့တာပါ။

 

သူမရဲ့ တက္ကစီကုမ္ပဏီအတွက် အရောင်းမြှင့်တင်ခြင်းလုပ်ငန်းတွေမှာလည်း သူမပါဝင်ရလေ့ရှိပါတယ်။

Source : Next

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ