Lifestyle: တည်ထောင်ခါစ ကိုယ့်ရဲ့လုပ်ငန်းအတွက် အကောင်းဆုံးအကြံဉာဏ်တွေရရှိနိုင်မယ့် နည်းလမ်း ၅ သွယ်

, updated

ကြီးကျယ်အခမ်းနားဆုံး လူမှုစီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ရှေ့က လုပ်ကိုင်ခဲ့ဖူးတဲ့သူတွေဆီက သင်ယူတာပဲဖြစ်ပါတယ်။ အဲဒီလိုသင်ယူနိုင်ခွင့်ရဖို့အတွက် ထိပ်တန်းစီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်သူတွေနဲ့ ချိတ်ဆက်မိစေမယ့် အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။

 

play

 

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက်ရာမှာ အသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

ကြီးကျယ်အခမ်းနားဆုံး လူမှုစီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ရှေ့က လုပ်ကိုင်ခဲ့ဖူးတဲ့သူတွေဆီက သင်ယူတာပဲဖြစ်ပါတယ်။ အဲဒီလိုသင်ယူနိုင်ခွင့်ရဖို့အတွက် ထိပ်တန်းစီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်သူတွေနဲ့ ချိတ်ဆက်မိစေမယ့် အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်နဲ့ လုပ်ငန်းနယ်ပယ်တူသူတွေအချင်းချင်း တွေ့ဆုံကြတဲ့နေရာတွေကို ရှာဖွေပါ။

ကိုယ့်ကိုလမ်းပြပေးနိုင်မယ့်သူတစ်ဦးဦးကို ကိုယ်တိုင်သွားချဉ်းကပ်တာထက်စာရင် အဲဒီလိုလမ်းပြပေးနိုင်မယ့်သူတွေ စုဝေးမိလေ့ရှိတဲ့နေရာတွေ၊ ပွဲတွေကို သွားတက်တာကပိုမိုလွယ်ကူမှာသေချာပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လုပ်ငန်းနယ်ပယ်ချင်းတူညီပြီး ကိုယ့်ထက်အတွေ့အကြုံရှိပြီးသူတွေ တက်ရောက်ဆွေးနွေးမယ့် ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို တက်ရောက်နိုင်ဖို့ ကြိုးစားပါ။ ဒီနည်းနဲ့ ကိုယ့်ကို ရှေ့ဆောင်လမ်းပြပေးနိုင်မယ့်သူတွေနဲ့ အဆက်အသွယ် အချိတ်အဆက်တွေရရှိလာနိုင်ပါတယ်။

play

 

၂။ ဘုံအဆက်အသွယ်တွေကို အသုံးချပါ။

လုပ်ငန်းကိုစတင်တည်ထောင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့သက်ဆိုင်ရာနယ်ပယ်အတွင်းမှာ ထိတွေ့ဆက်ဆံရသူတွေ၊ တွဲဖက်လုပ်ကိုင်ရသူတွေရှိလာမှာ အသေအချာပါပဲ။ အဲဒီလိုတွဲဖက်လုပ်ကိုင်ရတဲ့သူတွေကနေတစ်ဆင့် သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့တခြားသူတွေနဲ့ပါ အဆက်အသွယ်၊ အချိတ်အဆက်ရဖို့ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိတဲ့ အကြံဉာဏ်ကောင်းတွေအများကြီးပေးနိုင်မယ့်သူတွေနဲ့တွေ့ဆုံနိုင်ပါတယ်။

၃။ ကိုယ့်လုပ်ငန်းကို ကြော်ငြာတဲ့နည်းလမ်းကို အကြံဉာဏ်ကောင်းတွေရရှိဖို့ ကြိုးစားတဲ့နေရာမှာလည်း အသုံးချပါ။

ကိုယ့်ရဲ့လုပ်ငန်းကို ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့ ဖောက်သည်ဖြစ်လာနိုင်သူတွေ စိတ်ဝင်စားလာဖို့အတွက် တိုတိုနဲ့ ထိထိမိမိ ရှင်းပြထားတဲ့ ကြော်ငြာတင်ဆက်မှုတစ်ခုခုကိုပဲ ကိုယ့်အတွက်အကြံဉာဏ်ပေးနိုင်လောက်မယ့်သူတွေကို ပြသပြီး အကြံဉာဏ်တွေတောင်းခံနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းအကြောင်း ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်အတိုလေးတစ်ခုကို ကိုယ့် စမတ်ဖုန်းထဲမှာ အဆင်သင့်ထားရှိပြီး ကိုယ့်ကိုအကြံဉာဏ်ပေးနိုင်မယ့် သူမျိုးတွေနဲ့တွေ့တဲ့အခါ ပါးစပ်ကနေ အရှည်ကြီး ရှင်းပြမနေတော့ဘဲ ဗီဒီယိုဖိုင်လေးဖွင့်ပြရင်း တစ်ပါတည်း အကြံဉာဏ်တွေတောင်းခံတာ၊ စကားပြောခွင့်ရဖို့အတွက် ချိန်းတာမျိုးတွေ လုပ်လို့ရပါတယ်။

၎။ ဖန်တီးမှုရှိတဲ့နည်းလမ်းတွေကို အသုံးပြုပါ။

စီးပွားရေးသမားတွေဟာ ရုံးပိတ်ရက်တွေမှာ အတူစုပေါင်းဂေါက်ရိုက်ကစားကြတာ ဘာကြောင့်လို့ထင်ပါသလဲ။ အဲဒီလို အချိန်တွေမှာ သူတို့လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းစကားတွေ၊ အကြံဉာဏ်တွေကို လွတ်လွတ်လပ်လပ်နဲ့ ပိုပြီး ဆွေးနွေးတိုင်ပင်နိုင်လို့ပါပဲ။ ပုံမှန် အလုပ်ဆင်းရက်တွေ့ဆုံပွဲတွေ၊ အစည်းအဝေးတွေထဲမှာထက် ဂေါက်ရိုက်ကစားရင်းကနေ အဖိုးတန်တဲ့ဆွေးနွေးမှုမျိုးတွေကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကို အကြံဉာဏ်တွေပေးနိုင်မယ့်သူတွေနဲ့ တွေ့ဆုံဖို့ကြိုးစားတဲ့နေရာမှာ သမားရိုးကျနည်းလမ်းတွေထက် ပိုမိုလွတ်လွတ်လပ်လပ်နဲ့ တွေ့ဆုံနိုင်မယ့်နည်းလမ်းမျိုးတွေကို ကြံဆအသုံးပြုဖို့ လိုပါတယ်။

၅။ ဘယ်လိုအမှားအယွင်းတွေလုပ်ခဲ့ဖူးလဲဆိုတာ မေးဖို့ အားမနာပါနဲ့။

လူတိုင်းအမှားနဲ့မကင်းပါဘူး။ လက်ရှိအောင်မြင်နေတဲ့သူတွေလည်း အစပိုင်းမှာ အမှားလုပ်ခဲ့ဖူးကြတာပါပဲ။ သူတို့ဘာတွေ၊ ဘယ်လို မှားခဲ့ဖူးလဲဆိုတာကို အားနာမနေဘဲ မေးထားလိုက်ခြင်းအားဖြင့် ကိုယ့်အလှည့်မှာ အဲဒီလိုအမှားတွေကို ရှောင်နိုင် သွားပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။

www.theventure.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး