Lifestyle: ကင်မ်ကာဒါရှီယန်နဲ့ ချွတ်စွပ်တူတဲ့ ဆယ်ကျော်သက်ကောင်လေး မိန်းမဘဝခံယူ

, updated

အသက် ၁၅ နှစ်သာ ရှိပါသေးတယ်။

play

 

ယောက်ျားဘဝနဲ့ မွေးဖွားလာတဲ့ အသက် ၁၅ နှစ်အရွယ် တိုင်လာဟာ အသက် ၁၄ နှစ်အရွယ်မှာ သူဟာ မိန်းမဘဝကိုသာ မက်မောသူဆိုတာ သိလိုက်ရပြီး ကိုင်ရာကာလီဆိုတဲ့နာမည်နဲ့ မိန်းကလေးအဖြစ် ခံယူလိုက်ပါတယ်။

play

 

ယောက်ျားလေးအဖြစ်နဲ့ ကျောင်းတက်ခဲ့တဲ့ သူဟာ နွေရာသီကျောင်းပိတ်ရက်အလွန်မှာ မိန်းကလေးပုံစံနဲ့ ကျောင်းပြန်တက်ခဲ့သူပါ။

ဗြိတိန်နိုင်ငံ၊ မြောက်ယော့ရှိုင်းယားမှာနေထိုင်တဲ့ ကိုင်ရာကာလီဟာ ကင်မ်ကာဒါရှီယန်ကို အရမ်းကြိုက်သူ ဖြစ်ပါတယ်။

play

 

ငယ်စဉ်ကတည်းက ယောက်ျားဘဝဖြစ်နေပေမဲ့ အလှပြင်ရတာနှစ်သက်ပြီး ဒေါက်မြင့်ဖိနပ်ကိုမှ စီးချင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် နားမလည်မှုတွေနဲ့ ရှင်သန်ခဲ့ရတာ ဖြစ်ပါတယ်။

ယောက်ျားလေးတွေနဲ့ အပေါင်းအသင်းမလုပ်ချင်တဲ့ ဘောလုံးကို မုန်းပြီး ယောက်ျားလေးအဝတ်အစားတွေကိုလည်း မနှစ်သက်တဲ့ တိုင်လာရဲ့ အချစ်ဆုံးသူငယ်ချင်းတွေက မိန်းကလေးတွေပဲ ဖြစ်နေခဲ့ပါတယ်။

play

 

အသက် ၁၃ နှစ်အရွယ်မှာတော့ သူ့ရဲ့မိခင်က သူ့ကို ကျောင်းတက်ချိန်ပြင်ပမှ မိတ်ကပ်လိမ်းခွင့်ပေးခဲ့ပေမဲ့ သူ့စိတ်ထဲမှာ ကျေနပ်အားရမှုတော့ မရခဲ့ပါဘူး။

"ဂေးတစ်ယောက်အဖြစ် နေထိုင်ခဲ့ပေမဲ့ အဲဒါကို သက်သောင့်သက်သာမဖြစ်ဘူး။ တစ်ခုခု လွဲချော်နေသေးတယ်လို့ ခံစားရတယ်" လို့ သူက ဆိုပါတယ်။

play

 

အသက် ၁၄ နှစ်အရွယ်မှာ YouTube ကနေ မိတ်ကပ်ပြင်နည်းကြည့်နေရင်း လိင်ပြောင်းအမျိုးသမီးတစ်ယောက်အကြောင်း ကြည့်လိုက်ရချိန်မှာတော့ မှားယွင်းတဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေသူဆိုတဲ့အကြောင်းကို ကြားလိုက်ချိန်မှာတော့ သူဘာဖြစ်ချင်တယ်ဆိုတာကို အတိအကျ သိလိုက်ရပါတော့တယ်။

ဒီအကြောင်းကို သူ့ရဲ့သူငယ်ချင်းမလေးကို ပြောပြလိုက်ချိန်မှာတော့ သူငယ်ချင်းက ကူညီခဲ့တယ်လို့ ဆိုပါတယ်။

play

 

"သူက အရမ်းကို အားပေးပါတယ်။ အဲဒီညပဲ အဖေ့ကို ပြောခဲ့တယ်။ အဖေက လက်ခံတယ်။ ကျွန်မဘယ်လိုပဲဖြစ်ဖြစ် သူချစ်တယ်လို့ နောက်နေ့မနက်မှာ ပြောတယ်" လို့ သူက ပြောပြပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ သူဟာ လိင်ပြောင်းလဲသွားပြီဖြစ်ပြီး သူ့ရဲ့နာမည်ကို ကိုင်ရာလို့ ပြောင်းလိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ကနေ ကြေညာခဲ့ပါတယ်။

အခုအခါ မိန်းကလေးတစ်ယောက်လိုပဲ အမြဲနေထိုင်တဲ့ ကိုင်ရာဟာ နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ ဟော်မုန်းပြောင်းဆေးတွေ ထိုးသွားမယ်လို့ ဆိုပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ