Lifestyle: ချယ်လ်ဆီးပိုင်ရှင် ဘီလျံနာရဲ့ အလန်းစား စူပါပြိုင်ကားများ

, updated

ဂျာမနီ ကားမောင်းပြိုင်ကွင်းမှာ အီဗရာမိုဗစ်ခ်ျ ထုတ်ပြလိုက်တဲ့ အကောင်းစားကားတွေရဲ့ စုစုပေါင်းတန်ဖိုးမှာ ပေါင်စတာလင် ၈.၅ သန်းအထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ပါတယ်။

play
ဘီလျံနာ အီဗရာမိုဗစ်ခ်ျ


အင်္ဂလန် ပရီးမီးယားလိဂ်မှ ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလျံနာ ရိုမန် အီဗရာမိုဗစ်ခ်ျက ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တစ်ယောက်ပါ။

play
Pagani Zonda R


ဘီလျံနာ အီဗရာမိုဗစ်ခ်ျက သူ့စိတ်ကြိုက် ဝယ်ယူထားတဲ့ အကောင်းစား ရှားပါးဇိမ်ခံပြိုင်ကားတွေကို ဂျာမနီရှိ နူဘာဂရင်း ကားမောင်းပြိုင်ကွင်းမှာ မိတ်ဆွေတွေနဲ့အတူ ကားမောင်းရင်း ထုတ်ဖော်ပြသလိုက်ပါတယ်။

play
Ferrari FXX


ချယ်လ်ဆီးပိုင်ရှင် အီဗရာမိုဗစ်ခ်ျကို သူ့ရဲ့ တန်ဖိုးကြီးပြိုင်ကားတွေနဲ့ အများမြင်ကွင်းမှာ ပထမဆုံးအကြိမ် တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဂျာမနီ ကားမောင်းပြိုင်ကွင်းမှာ အီဗရာမိုဗစ်ခ်ျ ထုတ်ပြလိုက်တဲ့ အကောင်းစားကားတွေရဲ့ စုစုပေါင်း တန်ဖိုးမှာ ပေါင်စတာလင် ၈.၅ သန်းအထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ပါတယ်။

play


ဂျာမနီနိုင်ငံမှ နူဘာဂရင်း ကားမောင်းပြိုင်ကွင်းမှာ အီဗရာမိုဗစ်ခ်ျရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဟောင်း ဗစ်တာခါရီတိုနင်က ပိုင်ဆိုင်တာဖြစ်ပြီး နှစ်ရက်ကြာ ကျင်းပပြုလုပ်မယ့် ကားမောင်းပြိုင်ပွဲကို လာရောက်ရန် အီဗရာမိုဗစ်ခ်ျကို ဖိတ်ကြားခဲ့ပါတယ်။

play
Aston Martin Vulcan


ဂျာမနီကို အီဗရာမိုဗစ်ခ်ျ ယူဆောင်လာတဲ့ ကားတွေအနက ရှားပါးတဲ့ Pagani Zonda R အမျိုးအစား ကားတစ်စီးလည်း ပါဝင်ပြီး ကမ္ဘာပေါ်မှာ စုစုပေါင်း ၁၅ စီးသာ ထုတ်လုပ်ထားကာ တန်ဖိုးက ပေါင်စတာလင် ၂.၅ သန်း ဖြစ်ပါတယ်။

play
Ferrari 488 GT3


နောက်ထပ် ကားတစ်စီးက Ferrari FXX အမျိုးအစား စူပါကားဖြစ်ပြီး ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား မိုက်ကယ်ရှူးမေကာလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

play
Mercedes-Benz AMG GT3


ဘီလျံနာ အီဗရာမိုဗစ်ခ်ျရဲ့ အခြား ဇီမ်ခံစူပါကားတွေအဖြစ် Bugatti Veyron, Mercedes-Benz AMG GT3, Aston Martin Vulcan, Ferrari 488 GT3 တို့ကိုလည်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ