Lifestyle: ရယ်ကြရအောင်

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

 

ကြားသွားမယ်

ခြံထဲရှိ မန်းကျည်းပင်ပေါ်တက်ကာ မန်းကျည်းသီးများခိုးနေသော အိမ်နီးချင်းချာတိတ်ကို ခြံပိုင်ရှင်ကမိသွားသည်။
ခြံပိုင်ရှင် - လာစမ်း ... မင်းရဲ့အဖေဆီသွားမယ်။ ကလေးကိုမဆုံးမရကောင်းလားလို့ သွားပြောရမယ်။
ချာတိတ် - တိုးတိုးပြောပါ ဦးလေးရယ် ... ဖေဖေ ကြားသွားပါအုံးမယ်။ ဖေဖေက ဟိုဘက်မန်ကျည်းပင်ပေါ်မှာ။

စောပြန်လာလို့

မျက်လုံးတစ်ဖက်ယောင်ကိုင်းပြီး ရုံးသို့ရောက်လာသော ဆွီတီကို လုပ်ဖော်ကိုင်ဖက်များက မေးကြသည်။
လုပ်ဖော်ကိုင်ဖက် - ဘယ်လိုဖြစ်လာတာလဲ ဆွီတီရယ်။
ဆွီတီ - ယောက်ျားထိုးလိုက်တာလေ။
လုပ်ဖော်ကိုင်ဖက် - ရက်စက်လိုက်တဲ့ကောင် ... ဒါနဲ့ နင့်ယောက်ျားက ခရီးထွက်သွားတာဆို။
ဆွီတီ - ဟုတ်တယ် ... ဒါပေမဲ့ သူက တစ်ရက်စောပြီး ပြန်ရောက်လာတယ်။

စိတ်ကြီးဝင်ပုံများ

ဒေါက်တာ - ခင်ဗျားတို့မိသားစုထဲမှာ စိတ်ကြီးဝင်သူရှိလား။
အမျိုးသမီး - ရှိတယ်ဒေါက်တာ ... ကျွန်မယောက်ျားပေါ့။ တစ်ခါတလေကျရင် သူ့ကိုယ်သူ အိမ်ဦးနတ်လို့ ပြောတယ်ရှင့်။

play

မဖြစ်ဘူး

လူနာ - ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ... ဘယ်လို ဖြေရှင်းရင်ကောင်းမလဲ အကြံပေးပါဦး။
ဒေါက်တာ - လွယ်ပါတယ် ... အလုပ်ထဲခေါင်းနှစ်ထားလိုက်ပေါ့။
လူနာ - အဲဒါတော့ မဖြစ်ဘူး ဒေါက်တာရဲ့ ... ကျွန်တော်က ဘိလပ်မြေဖျော်တဲ့သူခင်ဗျ။

ကြည့်ကြည့်ဦး

ကလေး - မေမေ ... ဟိုမှာကြည့်ကြည့် ... သူခိုးကို လူအုပ်ကြီးက လိုက်ဖမ်းနေတာနဲ့တူတယ်။
အမေ - ဟဲ့ မြန်မြန်ပြေးကြည့်ကြည့်ဦး။ နင်တို့အဖေ ဖြစ်နေအုံးမယ်။

သိမှာပဲကို

ပထမလူ - ဟေ့ကောင် ... ကယ်ကြပါဦးလို့ အော်နေတဲ့အသံ မင်းကြားတယ်မဟုတ်လား။ ဘာဖြစ်နေလဲ သိရအောင် သွားကြည့်ရင်ကောင်းမယ် ထင်တယ်။
ဒုတိယလူ - ဘာသွားကြည့်စရာလိုလဲကွာ ... မနက်ဖြန်သတင်းစာထဲမှာ ပါလာမှာပဲဥစ္စာ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ