Lifestyle: ခွေး ၈ ကောင်နဲ့ အတူအိပ်တဲ့ စုံတွဲ

အိပ်လို့အဆင်ပြေအောင် ခုတင်အကြီးကြီးတစ်လုံး ဖန်တီးလိုက်ရပါတယ်။

play

 

ခွေးတွေက သခင်တွေအိပ်တဲ့ ခုတင်ပေါ်မှာမှ အိပ်ချင်တာ ခွေးမွေးတဲ့သူတိုင်း သိပါတယ်။

ဒီစုံတွဲက ခွေး ၈ ကောင်ကိုတောင် မွေးထားတာဆိုတော့ အိပ်ရတာ ဘယ်လိုမှ အဆင်မပြေတဲ့အတွက် နောက်ဆုံးမှာ သူတို့နှစ်ယောက်နဲ့ ခွေး ၈ ကောင် အိပ်လို့ရဖို့ ခုတင်အကြီးကြီး ရိုက်လိုက်ရပါတယ်။

ခွေးအိုကြီးများနဲ့ နေမကောင်းတဲ့ ခွေးတွေကို ကယ်ဆယ်ပြီး မွေးစားအိမ်တွေမှာ ထားတဲ့ The Mr.Mo Project အရ ခရစ္စနဲ့ မာရီဆာတို့ဟာ ခွေး ၈ ကောင်ကို မွေးစားထားတာပါ။

ခွေးတွေအားလုံးက သူတို့နဲ့အတူ ခုတင်ပေါ်မှာ အိပ်ကြပြီး ခုတင်က သေးနေတဲ့အတွက် သူတို့စုံတွဲမှာ ညတိုင်း ကောင်းကောင်းအိပ်မပျော်ဖြစ်ခဲ့ရပါတယ်။

play

"ကျွန်တော်တို့ ခုတင်ပေါ်တင်ရင် ခွေးတွေက ကျွန်တော်တို့ကို ရိုက်ထုတ်ပြီး နေရာအပြည့်ကို ယူထားတာ" လို့ ခရစ္စက ပြောပြပါတယ်။

အဲဒါကြောင့် လက်သမားဆရာခေါ်ပြီး အားလုံး အိပ်လို့ရမယ့် ခုတင်ကြီးတစ်လုံးကို ဖန်တီးခဲ့ရပါတယ်။

ခုတင်ကြီးဟာ King size နှစ်ယောက်အိပ်မွေ့ရာနှစ်လုံး ဆန့်ပါတယ်။ ဒါ့အပြင် ကုတင်ပေါ် ခုန်တက်ရခက်နေတဲ့ ခွေးတွေ အဆင်ပြေစေဖို့ လှေကားလည်း တပ်ပေးထားပါသေးတယ်။

"အခု ကျွန်တော်တို့ ကောင်းကောင်းအိပ်လို့ရပြီ။။ ခွေးတွေလည်း သူတို့အိပ်ချင်သလို အိပ်လို့ရပြီလေ" လို့ ခရစ္စက ပြောခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ