Lifestyle: သေဆုံးပြီးချိန်မှာတောင် လူကိုးဦး အသက်ရှင်ဖို့ ကူညီပေးခဲ့သူ လူငယ်

ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ရပေမယ့် လူပေါင်း ကိုးဦးကို ကူညီ ကယ်တင်ပေးခဲ့သူ ဖြစ်ပါတယ်။

play

 

တရုတ်နိုင်ငံက ဝူရန်ရွှမ်းဆိုတဲ့ လူငယ်အမျိုးသားတစ်ဦးဟာ သေဆုံးပြီးချိန်မှာတောင် လူပေါင်း ၉ ဦးရဲ့ အသက်ကျန်းမာသန်စွမ်းအောင် ကယ်ဆယ်ပေးသွားနိုင်ခဲ့ပါတယ်။

play

 

ဝူဟာ ဂွမ်ဒေါင်းပြည်နယ်မှာ အလုပ်လုပ်ကိုင်နေသူဖြစ်ကာ ပြီးခဲ့တဲ့ တနင်္လာနေ့က ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ဆေးရုံရောက်လာခဲ့ပါတယ်။ ဝူရဲ့မိဘတွေဟာဝေးလံခေါင်ဖျားတဲ့ အရပ်မှာနေသူတွေဖြစ်တာကြောင့်ချက်ခြင်းမလာနိုင်ခဲ့ပဲ သူ့ရဲ့အစ်ကိုနဲ့ အစ်မဖြစ်သူသာ ဆေးရုံကိုရောက်လာခဲ့ပါတယ်။ ယာဉ်မတော်တဆမှုမှာ ရတဲ့ဒဏ်ရာက ပြင်းထန်တာကြောင့် ဝူရဲ့ ဦးနှောက်ဟာ အလုပ်ပြန်လုပ်တော့မှာမဟုတ်ပဲ သေဆုံးချိန်ကိုသာ စောင့်ကြည့်ရတော့မယ့် အခြေအနေဖြစ်ခဲ့ပါတယ်။

play

 

ဝူသေဆုံးပြီးနောက် ဆေးရုံက ခွဲစိတ်ဆရာဝန်တွေနဲ့ ဝူရဲ့ မိသားစုတွေ တိုင်ပင်ခဲ့ကြကာ သူ့ရဲ့ အကောင်းတိုင်းကျန်ရှိနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ မိသားစုက သဘောတူခဲ့ကြပါတယ်။ အကောင်းတိုင်း ကျန်ခဲ့တဲ့ ဝူရဲ့ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ မျက်ကြည်လွှာ စတာတွေကို လိုအပ်နေသူတွေထံ ခွဲစိပ်ထည့်သွင်းပေးခဲ့ပြီး ယနေ့အထိ ဝူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကြောင့် အကောင်းတိုင်း အသက်ရှင်သူ ကိုးဦး ရှိသွားခဲ့ပြီဖြစ်ပါတယ်။

Source : CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ