Lifestyle: ဆံပင်အရှည်ထားပြီး ကင်ဆာရောဂါသည်တွေကို လှူဒါန်းခဲ့တဲ့ ၇ နှစ်သားလေး

ကလေးတစ်ယောက်ရဲ့ မြင့်မြတ်တဲ့စိတ်ကူးလေးက ချီးကျူးစရာကောင်းလွန်းပါတယ်။

play

 

တောမတ်စ် မိုး ဆိုတဲ့ အသက် ၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ကင်ဆာရောဂါ ခံစားနေရသူတွေအတွက် သူ့ရဲ့ဆံပင်တွေကို လှူဒါန်းခဲ့ပါတယ်။ ဒီလိုလှူဒါန်းနိုင်အောင်လည်း ၂ နှစ်ကြာ ဆံပင်ရှည်ထားခဲ့ပြီးမှ လှူခဲ့တာပါ။

play
တောမတ်စ် ဆံပင်လှူခဲ့တဲ့ ငါးနှစ်သမီးလေး

 

ကင်ဆာရောဂါခံစားနေရလို့ ဆံပင်တွေမရှိတော့တဲ့ ကောင်မလေးတစ်ဦးရဲ့ ဗီဒီယိုကို မြင်တွေ့ရာမှာ တောမတ်စ်က ယခုလိုစိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။ သူက အချိန်အကန့်အသတ်နဲ့ ဆံပင်ရှည်ထားခဲ့တာတော့မဟုတ်ပါဘူး။ ဆံပင်အရှည်တွေက ကောင်မလေးအတွက် လုံလောက်ပြီလို့ ယူဆရချိန်မှာ သူ့ဆံပင်တွေကိုဖြတ်ပြီးပေးခဲ့တာဖြစ်ပါတယ်။

play

 

တောမတ်စ်ရဲ့ဆံပင်တွေကနေ ဆံပင်တု သုံးခု ပြုလုပ်နိုင်ခဲ့ပြီး ကင်ဆာသည်ကလေးတွေကို လှူဒါန်းနိုင်ခဲ့ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ