Lifestyle: အလုပ်လုပ်ရင် ဖျောက်သင့်တဲ့ ကျောင်းတုန်းက အကျင့် (၄) ခု

မျက်လုံးကစားတတ်တဲ့အကျင့်ရှိရင် အလုပ်ထဲထိတော့ ဒီအကျင့်ကို သယ်မလာသင့်ပါဘူး။

play

 

၁ - အဆက်မပြတ် နောက်ကျခြင်း

တက္ကသိုလ်ကျောင်းမှာ နောက်ကျတာက သင့်ကို ဘယ်သူမှ အရေးမလုပ်ပါဘူး။ သူငယ်ချင်းတွေကလည်း နောက်ကျတယ် ဘာဖြစ်လို့လဲ ဆိုတာမျိုးလောက်ပဲ မေးမှာပါ။ ရုံးမှာ အမြဲတမ်းနောက်ကျနေတာကတော့ အများအာရုံစိုက်စရာဖြစ်ပြီး အလုပ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မလေးစားရာ ကျပါတယ်။ သူငယ်ချင်းတွေလို မေ့မေ့ပျောက်ပျောက်ဖြစ်မယ့်ကိစ္စ မဟုတ်ပါဘူး။

၂ - ကိုယ့်အကြောင်း ကိုယ်ပြောခြင်း

play

 

အလုပ်လုပ်ဖို့ လာကြတာ ဖြစ်ပါတယ်။ အလုပ်နားချိန်မှာ ပျော်စရာလေးတွေနဲ့ စိတ်ဝင်စားစရာလေးတွေပဲ နားထောင်ချင်ပါတယ်။ သင့်အကြောင်းကို နားထောင်ပေးနေရတာက ငြီးငွေ့စရာပါ။

၃ - မျက်လုံးကစားခြင်း

play

 

အတန်းထဲမှာ ဆန့်ကျင်ဘက်တွေကို မျက်လုံးကစားတတ်တဲ့အကျင့်ရှိရင် အလုပ်ထဲထိတော့ ဒီအကျင့်ကို သယ်မလာသင့်ပါဘူး။

၎ - ဆိုရှယ်မီဒီယာ

play

 

အလုပ်ထဲမှာ ဖြစ်ပေါ်တဲ့ ခံစားချက်တွေကို ကျောင်းတုန်းကလို ဖေ့စ်ဘွတ်ပေါ် အမြဲတင်နေတာမျိုးက အဆင်မပြေပါဘူး။

Photos & Source: Bustle

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ