Lifestyle: ခွေးထိန်းအလုပ်က ရတဲ့ အပိုဝင်ငွေနဲ့ အိပ်ခန်း ၅ ခန်းပါ တိုက်တစ်လုံး ဝယ်နိုင်ခဲ့တဲ့ ဇနီးမောင်နှံ

အားလပ်ချိန်မှ ခွေးတွေကို ထိန်းကျောင်းပေးတာ ဖြစ်ပါတယ်။

play

 

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ ဒန်နီရယ်လ်နဲ့ သူမရဲ့ခင်ပွန်း ဂျိုးတို့ဟာ အားလပ်ချိန်မှာ ခွေးတွေကို ထိန်းကျောင်းပေးရင်း တစ်နှစ်ကို ဒေါ်လာ ၁၈၀၀ ကျော် ဝင်ငွေရရှိခဲ့ပြီး အဲဒီငွေတွေနဲ့ အခန်း ၅ ခန်းပါ အိမ်တစ်လုံးကိုတောင် ဝယ်လိုက်ပါပြီ။

သူတို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကစလို့ ခွေးထိန်းပေးတဲ့ အေဂျင်စီတစ်ခုကို တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ဖောက်သည် ၅၀ ကျော်တောင် ရှိနေပါပြီ။

အခုဆိုရင် ခွေးထိန်းမပေးရတဲ့နေ့ဆိုတာ သူတို့အတွက် မရှိသလောက်ဖြစ်ပြီး သူတို့ကိုယ်ပိုင် ခွေး ၂ ကောင်အပါအဝင် တစ်ကြိမ်ကို ခွေး ၆ ကောင်လောက်အထိ ကြည့်ရှုစောင့်ရှောက်ပေးရကာ တစ်လကို ဒေါ်လာ ၂၀၀၀ လောက် ဝင်နေပါပြီ။

play

 

အဲဒီအလုပ်ကြောင့်ပဲ သူတို့ရဲ့အိပ်မက်ဖြစ်တဲ့ အိပ်ခန်း ၅ ခန်းပါ အိမ်ကြီးတစ်လုံးကို လွန်ခဲ့တဲ့ ၅ လက ဝယ်ယူနိုင်လိုက်တာ ဖြစ်ပါတယ်။

"ကျွန်မတို့ ဝါသနာပါတဲ့ ခွေးထိန်းအလုပ်က ကျွန်မတို့ လိုချင်နေတဲ့ အိမ်မျိုးကို ရအောင်လုပ်ပေးတာ ယုံတောင် မယုံနိုင်ပါဘူး" လို့ ဒန်နီရယ်လ်က ဆိုပါတယ်။

သူတို့ရဲ့ခွေးလေးတွေကို နှစ်ပတ်လောက် ကြည့်ပေးဖို့ လူရှာရင်းနဲ့ ခွေးထိန်းအလုပ်ကို စတင်ဖို့ စိတ်ကူးရတာ ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ