Lifestyle: တစ်နာရီသာ အသက်ရှင်ခဲ့တဲ့ သမီးလေးနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ထားခဲ့တဲ့ မိဘနှစ်ပါး

ရင်နင့်ဖွယ် ဓာတ်ပုံလေးတွေပါ။

play

 

ဘယ်မိဘမှ မကြုံတွေ့ချင်တဲ့ အိပ်မက်ဆိုးတစ်ခုပါပဲ။ ကိုယ့်သားသမီးကို ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ဘယ်သူမှ မဆုံးရှုံးချင်ကြပါဘူး

play

 

ဒါပေမဲ့ ဟေလီရိုက်စ်နဲ့ ကယ်ဗင်မာတင်တို့ စုံတွဲဟာ သူတို့ရဲ့သမီးလေး ဆိုင်ဒနီကို တစ်နာရီသာ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။

play

 

ကလေးမမွေးဖွားခင်ကတည်းက ရှားပါးလှတဲ့ ခရိုမိုဇုန်းမူမမှန်ခြင်းကို ခံစားနေရကြောင်း သိရှိခဲ့ရပြီး ကလေးဟာ ဘယ်လိုမှ အသက်ကြာကြာမရှင်သန်နိုင်ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

ကလေးကို ဆေးတွေနဲ့ အတင်းကြီး အသက်မဆက်တော့ဘဲ သမီးလေးကို ပွေ့ချီကာ တန်ဖိုးရှိလှတဲ့ တစ်နာရီကို ကုန်ဆုံးဖို့ သူတို့ဇနီးမောင်နှံက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

play
ဟေလီရိုက်စ်နဲ့ ကယ်ဗင်မာတင်တို့ရဲ့ ၃ နှစ်အရွယ် သမီးလေးက သူ့ရဲ့ညီမလေးကို ချီပွေ့ထားစဉ်

 

ရင်နင့်ဖွယ်ဓာတ်ပုံတွေကိုတော့ သားသမီးတွေကို ဆုံးရှုံးလိုက်ရတဲ့ မိဘတွေအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ Remember My Baby ပရဟိတအသင်းအဖွဲ့က ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ