Lifestyle: လက်စွပ်ချင်းလဲမယ့်အစား မြွှေချင်းလဲပြီးခေါင်းမှာစွပ်တဲ့ မင်္ဂလာဆောင်

, updated

တရုတ်နိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေကို အိမ်မှာမွေးမြူခွင့်မရှိပါဘူး။

play

 

တရုတ်နိုင်ငံက မင်္ဂလာဆောင်တစ်ခုကတော့ ထူးခြားပြီး ကြောက်လန့်စရာကောင်းတဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ သတို့သမီးနဲ့ သတို့သားဟာ အပြန်အလှန် လက်စွပ်ချင်း လဲလှယ်ကြရမယ့်အစား မြွှေကြီးနှစ်ကောင်ကို တစ်ယောက်ရဲ့လည်ပင်းမှာ တစ်ယောက်က အပြန်အလှန်စွပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

play

 

မင်္ဂလာဆောင်ကို စက်တင်ဘာ ၁၆ ရက်နေ့က ကျိလင်းပြည်နယ်ရှိ ဟိုတယ်တစ်ခုမှာကျင်းပခဲ့တာပါ။ သတို့သမီးနဲ့သတို့သားတို့ဟာ အလေးချိန်အားဖြင့် ၆၆ ပေါင်နဲ့ ၃၃ ပေါင် ရှိတဲ့ စပါးကြီးမြွေကြီးနှစ်ကောင်ကို အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။ အဝါရောင် မြွေကြီးတွေက ရစ်ပတ်တာခံထားရပေမဲ့ မင်္ဂလာမောင်နှံကတော့ ပြုံးပျော်နေခဲ့ကြပါတယ်။

play

 

ယခုလိုလုပ်ရခြင်းဟာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်စေလိုတဲ့သဘောနဲ့ ပြုလုပ်ခြင်းဖြစ်ကြောင်း မင်္ဂလာဆောင်အပြီးမှာ သတို့သားက ပြောပြပါတယ်။ နောက်ဆက်တွဲသတင်းတွေအရတော့ မြွေနှစ်ကောင်ကို မင်္ဂလာဆောင်မှာသုံးခဲ့လို့ သစ်တောလုံခြုံရေးဗျူရိုက သူတို့စုံတွဲကို စက်တင်ဘာ ၁၈ ရက်မှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Source : People's Daily China

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ