Lifestyle: ကမ္ဘာ့အရပ်အမြင့်ဆုံးအဖြစ် စံချိန်တင်တော့မယ့် ဆယ်ကျော်သက် လူထွားကြီး

လက်ရှိမှာ အရပ်အမြင့် ၇ ပေနဲ့ ၈ လက်မ ရှိနေပြီဖြစ်ကာ ၎င်းရဲ့အရပ်အမြင့်မှာ ဆက်လက် တိုးလာအုံးမယ်လို့ ဆရာဝန်တွေက ပြောထားပါတယ်။

play


အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်မှာ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက် ယောက်ျားလေး ဘရော့ဘရောင်းဟာ မကြာမီကာလအတွင်း ကမ္ဘာ့စံချိန်တင် အရပ်အမြင့်ဆုံး လူသား ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။

play


အဆိုပါ ဆယ်ကျော်သက်ဟာ လက်ရှိမှာ အရပ်အမြင့် ၇ ပေနဲ့ ၈ လက်မ ရှိနေပြီဖြစ်ကာ ၎င်းရဲ့အရပ်အမြင့်မှာ ဆက်လက် တိုးလာအုံးမယ်လို့ ဆရာဝန်တွေက ပြောထားပါတယ်။

play

play


လက်ရှိမှာ ကမ္ဘာ့အရပ်အမြင့်ဆုံး ဆယ်ကျော်သက်အဖြစ် စံချိန်တင်ထားခဲ့သူ ဘရောင်းဟာ တစ်နှစ်မှာ အရပ်အမြင့် ၆ လက်မ တိုးလာနေခဲ့ကြောင်း သိရပါတယ်။

play


ထိုအခြေအနေအရ ဘရောင်းဟာ လက်ရှိ ကမ္ဘာ့အရပ်အမြင့်ဆုံးဖြစ်သူ ဆူလ်တန်ကိုဆန်ရဲ့ အရပ်အမြင့် ၈ ပေနဲ့ ၂ လက်မ စံချိန်ကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်မယ်လို့ ဆိုပါတယ်။

play

play


ဘရောင်းရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနဲ့ အရပ်မြင့်မှုဟာ ပုံမှန်မဟုတ်ဘဲ ဖြစ်ခဲတဲ့ Sotos Syndrome ခေါ် မျိုးဗီဇမူမမှန်မှု ရောဂါကြောင့် ဖြစ်ပါတယ်။ Sotos Syndrome ဟာ လူ ၁၅,၀၀၀ မှာ တစ်ဦးသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

play


ဘရောင်းဟာ မူလတန်းကျောင်းသား အရွယ်မှာပင် အရပ်အမြင့် ၅ ပေ ၂ လက်မ ရှိနေခဲ့ပြီး ဆက်လက် မြင့်တက်လာနေဆဲလည်း ဖြစ်ပါတယ်။

play


Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ