Lifestyle: လက်နှစ်ဘက် ချည်ထားတဲ့ကြိုးကို ဖြေပြခဲ့တဲ့ ဗီဒီယို ဖေ့စ်ဘွတ်တွင် ရေပန်းစား

မိခင်ဖြစ်သူက သူ့ရဲ့သမီးငယ်လေးကို သင်ပေးထားတာဖြစ်ပြီး ကလေးတွေအားလုံးလည်း ဒါကို တတ်မြောက်ထားသင့်တယ်လို့ ပြောပါတယ်။

play

 

လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးခံထားရတဲ့အခါ ကြိုးကိုအလွယ်တကူ ပြန်ဖြေလို့ရတဲ့ နည်းလမ်းတစ်ခုက မိခင်တစ်ယောက်က သမီးငယ်ကို သင်ပေးနေတဲ့ ဗီဒီယိုဖိုင်တစ်ခု ရေပန်းစားလာပါတယ်။

play

 

ရုပ်ရှင်တွေထဲကလို မှုခင်းဖြစ်ရပ်မျိုးတွေအပြင်မှာ ကြုံတွေ့ရတဲ့အခါ ဘယ်သူမဆို သားကောင်ဖြစ်သွားနိုင်တာကြောင့် အားလုံးသိထားသင့်တဲ့အရာဖြစ်တယ်လို့ လူမှုကွန်ရက် အသုံးပြုသူတွေက မှတ်ချက်ပေးထားကြပါတယ်။ လက်ပြန်ကြိုးတုတ်ခံထားရတဲ့အချိန်မှာ ဖိနပ်နှစ်ဖက်က ဖိနပ်ကြိုးနဲ့ အလွယ်တကူ ဖြတ်လို့ရကြောင်း မိန်းကလေးငယ်က သရုပ်ပြခဲ့တာဖြစ်ပါတယ်။

 

 

ဒီနည်းလမ်းကို ကလေးတွေအားလုံးကိုလည်း သင်ပေးထားသင့်တယ်လို့ မိခင်ဖြစ်သူမီရှဲလ်က ဖေ့စ်ဘွတ်မှာ ရေးသားပြီ ဗီဒီယိုဖိုင်တင်ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်မှာ အကြိမ်ပေါင်း သန်း ၆၀ ကျော် ကြည့်ရှုခံထားရပါတယ်။

 

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ