Lifestyle: ဒေးဗစ်ဘက်ခမ်းနဲ့တူဖို့ ဒေါ်လာ ၂၆,၀၀၀ အကုန်အကျခံ ခွဲစိတ်ပြုပြင်ခဲ့တဲ့ အလုပ်လက်မဲ့ဆယ်ကျော်သက်

အစိုးရထောက်ပံ့ကြေးငွေတွေကို သုံးခဲ့တာပါ။

play

 

တစ်နှစ်ကို အစိုးရထောက်ပံ့ကြေး ပေါင် ၁၅,၀၀၀ (ဒေါ်လာ နှစ်သောင်းနီးနီး) ရတဲ့ အလုပ်လက်မဲ့ ဆယ်ကျော်သက်တစ်ဦးဟာ သူ အရမ်းကြိုက်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ တူညီဖို့အတွက် ပေါင် ၂ သောင်း (ဒေါ်လာ ၂၆,၀၀၀ ခန့်) သုံးစွဲခဲ့ပြီးပါပြီ။

play

 

အင်္ဂလန်နိုင်ငံ၊ နော်တင်ဟန်မြို့မှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ဂျက်ခ်ဂျွန်ဆင်ဟာ ဒေးဗစ်ဘက်ခမ်းကို အရူးအမူး ကြိုက်နှစ်သက်သူဖြစ်ပြီး ဘက်ခမ်းနဲ့တူဖို့ Botox ထိုးခြင်း၊ နှုတ်ခမ်းနဲ့ သွားတွေကို Filler ဖြည့်ခြင်းတို့ အပါအဝင် မျက်နှာပြုပြင်မှုအတွက် ဒေါ်လာထောင်နဲ့ချီ သုံးခဲ့ပါတယ်။

play

 

ဘောလုံးပရိသတ်မဟုတ်ဘူးလို့ ဝန်ခံခဲ့တဲ့ ဂျက်ခ်ဟာ အခွန်ထမ်းတွေရဲ့ငွေနဲ့ အခုလို သုံးလိုက်တာကို တကယ့်ကို ထိုက်တန်ပါတယ်လို့ ဆိုခဲ့ပါတယ်။

"သူနဲ့ အရမ်းကို တူချင်တာ။ သူ့ကို ရုပ်ဆိုးတယ်လို့ ပြောတဲ့သူ ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိဘူးလေ" လို့ ဂျက်ခ်က Nottingham Post ကိုပြောခဲ့ပါတယ်။

play

 

အင်္ဂလန်ဘောလုံးသမားဟောင်းကြီးနဲ့တူဖို့အတွက် ဂျက်ခ်က လစဉ် အသားညိုဆေးတွေ ထိုးနေတဲ့အပြင် ဆံပင်ကို ပြန်စိုက်ဖို့နဲ့ တက်တူးတွေထိုးဖို့လည် စီစဉ်ထားပါသေးတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ