Lifestyle: စမတ်ကျသူတွေ လုပ်လေ့မရှိတဲ့အကျင့် (၅) ခု

အကောင်းဆုံးကို မျှော်လင့်ကြသလို အဆိုးဆုံးကိုရင်ဆိုင်ဖို့လည်း ကြိုတွေးထားကြသူတွေပါ။

 

အချို့လူတွေဟာ အကြီးအကျယ် အောင်မြင်နေတာမျိုးမဟုတ်သည့်တိုင်အောင် စမတ်ကျကျနဲ့ ဘဝကို အောင်မြင်စွာဖြတ်သန်းနေတာဟာ အလေ့အကျင့်ကောင်းတွေ မွေးမြူထားကြလို့ဖြစ်ပါတယ်။

 

၁။ ငွေစုဖို့ချည်း အသည်းအသန်မကြိုးစားဘူး

ဝင်ငွေနဲ့ထွက်ငွေကို သေသေသပ်သပ် ကိုင်တွယ်ကြပါတယ်။ မလိုအပ်ဘဲ ဖြုန်းတီးတာမျိုးမလုပ်သလို လိုအပ်တာကိုလည်း ဝယ်ယူဖို့ လက်မတွန့်ကြပါဘူး။

 

၂။ သူများအပေါ် အရမ်း မမှီခိုဘူး

ယုံကြည်စိတ်ချရပြီး အားကိုးရတဲ့ သူငယ်ချင်းတွေအများကြီးရှိတာ မိသားစုဝင်များတာက ဘာမှမမှားပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို အရမ်းမီခိုလွန်းတာကမှ မှားယွင်းတဲ့အကျင့်ဖြစ်ပါတယ်။ ထက်မြက်သူတွေကတော့ သူများကို မှီခိုရမယ့်အစား ကိုယ့်ဘာသာကိုယ် ရပ်တည်တတ်ကြပါတယ်။

 

၃။ အမှားတွေမှာပဲ ကျင်လည်မနေဘူး

လူတိုင်းအမှားမကင်းပါဘူး။ တစ်ခါမှားဖူးတာနဲ့ပဲ တစ်သက်လုံးမှားတော့သလိုမျိုး ခံစားနေတာတွေကိုလည်း သူတို့က မလုပ်ကြပါဘူး။ နောက်မမှားအောင်တော့ သင်ခန်းစာယူကြပါတယ်။

 

၎။ ကံကောင်းဖို့ မမျှော်ကိုးဘူး

ကံဆိုတာ အလုပ်ပဲလို့ လက်ခံထားပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို ကောင်းကောင်းလုပ်ကြသူတွေမို့ ကံကောင်းပါစေလို့ ဆုမတောင်းတတ်ကြပါဘူး။ အကောင်းဆုံးကို မျှော်လင့်ကြသလို အဆိုးဆုံးကိုရင်ဆိုင်ဖို့လည်း ကြိုတွေးထားကြသူတွေပါ။

 

၅။ ကိုယ်ပိုင်စိတ်ကူးကို လက်မလွှတ်ဘူး

ကိုယ်တွေးတောကြံစည်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ကူးတွေကို အခြားလူတွေက သဘောမတူသည့်တိုင်အောင် ကိုယ့်စိတ်ကူးကို လက်မလွှတ်ကြပါဘူး။

Source : Quote Paper

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ