Lifestyle: အလွယ်တကူ မှတ်မိစေမယ့် မှတ်သားနည်း (၄) မျိုး

ရှေးဟောင်းဂရိတွေ သုံးခဲ့တဲ့ နည်းတစ်နည်းလည်း ပါဝင်ပါတယ်။

play

 

၁ - အကြိမ်ကြိမ်

ဒီနည်းကတော့ လူတိုင်းသိပါတယ်။ အကြောင်းအရာတစ်ခုခုကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ထိတွေ့ပြီး မှတ်တာ ဖြစ်ပါတယ်။ စာကျက်တဲ့အခါမှာ သုံးကြပါတယ်။ အကြောင်းအရာတစ်ခုကို အထပ်ထပ်ချရေးပြီး မှတ်တဲ့အခါ ပိုမှတ်မိပါတယ်။

၂ - စာရင်း

play

 

စာရင်းလုပ်ပြီး မှတ်တာမျိုး ဖြစ်ပါတယ်။ သင်္ချာဂဏန်းနဲ့တင်မကဘဲ အမှတ်အသားလုပ်ပြီး မှတ်တာမျိုးလည်း ပါဝင်ပါတယ်။ ဥပမာ-ဂြိုလ်ကိုးလုံးကို M = Mars, V = Venus, E = Earth M = Mercury, J = Jupiter, S = Saturn, U = Uranus, N = Neptune, P = Pluto ဆိုပြီး မှတ်သားတာမျိုး ဖြစ်ပါတယ်။

၃ - ရှေးဟောင်းနည်း

ရှေးဟောင်းဂရိတွေ သုံးခဲ့တဲ့ နည်းဖြစ်ပါတယ်။ အခန်းတစ်ခန်း၊ ဒါမှမဟုတ် လမ်းတစ်လမ်းကို သင့်စိတ်ထဲမှာ ပုံဖော်လိုက်ပါ။ သင့်ရင်းနှီးတဲ့လမ်း၊ သင်ရင်းနှီးတဲ့နေရာဆို ကောင်းပါတယ်။ အဆိုပါနေရာမှာရှိတဲ့ နေရာတွေနဲ့ သင်မှတ်ထားချင်တာကို တွဲဖက်မှတ်သားလိုက်တာ ဖြစ်ပါတယ်။

လမ်းထဲကို ဝင်ဝင်ခြင်းတွေ့ရတဲ့ သစ်ပင်ကို သင်မှတ်ထားချင်တဲ့အရာနဲ့တွဲဖက်မှတ်သားပြီး စိတ်ကူးထဲမှာ လမ်းကိုပုံဖော်ရာကတစ်ဆင့် အဆိုပါအရာကို ပြန်လည်မှတ်မိနိုင်ပါတယ်။ ဒီနည်းဟာ လေ့ကျင့်ပါများလာရင် အလွန်ထိရောက်တဲ့ နည်းဖြစ်ပါတယ်။ အကြောင်းအရာများစွာကိုလည်း မှတ်သားနိုင်ပါတယ်။

၎ - အပိုင်းခွဲ

အာလုံးကို တစ်စုတစ်စည်းတည်း မှတ်တာထက် အပိုင်းလိုက်ခွဲချလိုက်ပြီး မှတ်တာဖြစ်ပါတယ်။ စာတွေကို အပိုင်းပိုင်းခွဲပြီးကျက်လိုက်ရင် ပိုမှတ်မိသလိုမျိုးပါ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ