Lifestyle: ဘရာဇီးမှာ အရှည် ၃၃ ပေ ရှိ ဧရာမမြွေကြီးတစ်ကောင် တွေ့ရှိ

ကမ္ဘာ့အကြီးဆုံးမြွှေထက်တောင် ပိုပြီးကြီးမားပါတယ်။

play

 

ဘရာဇီးနိုင်ငံတောင်ပိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလွန်ကြီးမားတဲ့ မြွေကြီးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Merto သတင်းတစ်ရပ်က ဖော်ပြလာပါတယ်။

play

 

အရှည် ၃၃ ပေ၊ အလေးချိန် ၄၀၀ ကီလိုဂရမ်ရှိ အန်နာကွန်ဒါအမျိုးအစား မြွေကြီးကို အယ်လ်တာမီရာမြို့က ဆည်တည်ဆောက်ရေးလုပ်ငန်းခွင်မှာ တွေ့ခဲ့ရတာပါ။ ဂူတစ်ခုကို မိုင်းခွဲစဉ်မှာ မြွေကြီးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ မြွေရဲ့လုံးပတ် (အချင်း)က ၃ ပေ လောက်ရှိတယ်လို့လည်း သိရပါတယ်။

play

မြွေကြီးက ကြီးမားလွန်းတော့ သံကြိုးတွေနဲ့ ရစ်ပတ်ပြီး လုပ်ငန်းခွင်သုံး ကရိန်းနဲ့ သယ်ယူရပုံကိုလည်း ယင်းနေရာမှာရောက်ရှိနေတဲ့ ဝန်ထမ်းက ဗီဒီယိုရိုက်ထားခဲ့ပါတယ်။

play

 

အန်နာကွန်ဒါဟာ မြွေမျိုးစိတ်ထဲမှာ အကြီးဆုံးမျိုးစိတ်တွေဖြစ်ပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားတဲ့ အကြီးဆုံးမြွေကတော့ အမေရိကန်ပြည်ထောင်စု ကန်းဆက်မှာတွေ့ခဲ့ရတာဖြစ်ပြီး အလျား ၂၅ ပေ ၂ လက်မ ရှည်လျားပါတယ်။

Source : Metro, Pulse Ng

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ