Lifestyle: အလုပ်ထဲမှာ အသုံးဝင်မယ့် စိတ်ပိုင်းဆိုင်ရာ နည်းလမ်း (၅) ခု

စိတ်ပိုင်းဆိုင်ရာအရ လှည့်စားလိုက်တဲ့နည်းလေးတွေလည်း ဖြစ်ပါတယ်။

play

 

၁ - အလုပ်ထဲမှာ ကျေနပ်စရာမကောင်းတဲ့ အဖြေမျိုးနဲ့ တုံ့ပြန်မှုကို ရရှိတယ်ဆိုရင် သင်မေးတဲ့မေးခွန်းကို ထပ်မေးတာမျိုး၊ အသံနဲ့ပြန်ပြောတာမျိုး လုပ်မယ့်အစား တစ်ဖက်လူရဲ့ မျက်လုံးကိုပဲ သတိထားမိအောင် ကြည့်လိုက်ပါ။

play

 

၂ - အလုပ်ထဲမှာ သင့်ကို ဦးတည်တိုက်ခိုက်တော့မယ့်လူရဲ့ အနားမှာကပ်ပြီး ထိုင်ပါ။ ဥပမာ - အစည်းအဝေးမှာ သင့်ကို ဝေဖန်ပြောဆိုတော့မယ့် လူအနားမှာ ကပ်ထိုင်လိုက်ပါ။ ဒီလို ထိုင်လိုက်ခြင်းဟာ သင့်အပေါ်ဝေဖန်တိုက်ခိုက်မယ့် ပြင်းအားတွေ လျော့နည်းသွားစေပါတယ်။ တော်ရုံကိစ္စလောက်ဆိုလည်း သူ့ဘက်က ဘာမှမပြောတာကို တွေ့ရပါလိမ့်မယ်။

play

 

၃ - လူတွေက သူတို့ဟာ လိုအပ်အရေးပါတဲ့ လူတွေဖြစ်တယ်လို့ ခံစားရတာမျိုးကို သဘောကျပါတယ်။ သင်အကူအညီတောင်းတဲ့အခါ ဒီလိုခံစားချက်မျိုး တစ်ဖက်လူက ကျေကျေနပ်နပ်ရသွားအောင် ပြောသင့်ပါတယ်။

၎ - ဘေးနားကလူက ဂရုမစိုက်ဘူးလို့ ခံစားရတဲ့အခါ ဘောပင်တို့ ခဲတံတို့ ငှားလိုက်ပါ။

play

 

၅ - လူအများကြား ထင်ရှားချင်တယ်ဆိုရင် လူတွေရဲ့ နာမည်ကို တစ်ခါသိပြီးသွားရင် ဘယ်တော့မှ မမေ့ပါစေနဲ့။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ