Lifestyle: ရေထသောက်ရမှာ ပျင်းလို့ လက်နဲ့ ရေခပ်သောက်တဲ့ကြောင်

ကြောင်တွေလည်း လူတွေလိုပဲ ပျင်းတတ်ပါတယ်။

play

 

သင်လည်း ရေထသောက်ရမှာ ပျင်းခဲ့တဲ့ အချိန်တွေ ရှိဖူးတယ်ဆိုရင် ချစ်စရာကောင်းလှတဲ့ ဒီကြောင်လေးရဲ့ ခံစားချက်ကို နားလည်နိုင်ပါတယ်။

ကြောင်လေးခမျာ ရေလည်း သောက်ချင်တယ်၊ ထရမှာလည်း ပျင်းတယ်ဆိုတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

play

 

ကြောင်လေးရဲ့ သခင်က ချစ်စရာကြောင်လေးရဲ့ အပျင်းတက်ပြီး ရေကို မီသလိုလေးပဲ လက်နဲ့ ခပ်သောက်နေပုံကို ဗီဒီယိုရိုက်ကူးထားတာ ဖြစ်ပါတယ်။

သူ့အတွက်ကတော့ အဆင်ပြေခဲ့တာပဲလေ။ ရေခွက်ထဲကို သူ့ရဲ့ လက်သေးသေးလေးတွေနှစ်ပြီး ပါလာတဲ့ ရေစက်ကို သောက်လို့ ရေငတ်ပြေစေခဲ့ပါတယ်။

ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ ဒီဗီဒီယိုဖိုင်လေးဟာ ကြည့်ရှုသူ ၂ သန်းကျော်တောင် ရှိခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ