Lifestyle: အလုပ်ကဆင်းပြီး ၁ နာရီအတွင်း သင်လုပ်သင့်တဲ့အချက် (၄) ချက်

တစ်နေ့တစ်နာရီဆိုတာ ရေရှည်မှာတော့ ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။

play

 

၁ - သင်ယူ

အလုပ်ကဆင်းလို့ အချိန် ၁ နာရီလောက် အားမယ်ဆိုရင် ဘာသာစကားလေ့လာတာမျိုး၊ ပညာရပ်တစ်ခုလေ့လာတာမျိုးလုပ်ပြီး သင့်ကိုယ်သင်ဖြည့်ဆည်းသင့်ပါတယ်။ တစ်စုံတစ်ခုကို နေ့စဉ်သင်ယူတတ်မြောက်နေတယ်ဆိုတဲ့ ခံစားချက်ဟာ သင့်ကိုပျော်ရွှင်စေပါတယ်။ နေ့စဉ်ကိုယ့်ကိုယ်ကိုယ် တိုးမြှင့် ဖြည့်ဆည်းနေတယ်ဆိုတဲ့ ခံစားချက်မျိုးလည်း ရပါတယ်။

play

 

၂ - ဝါသနာ

အလုပ်ချိန်ထဲမှာ သင်ဝါသနာပါရာကို လုပ်တာဟာ အလုပ်မတွင်သလို သင့်စိတ်တွေကိုလည်း ပျံ့လွင့်စေပါတယ်။ တစ်ခုတည်းမှာ စိတ်အာရုံမပြုထားတာကြောင့် ဝေဝါးထွေပြားစေပါတယ်။ ဒါပေမဲ့ အလုပ်ချိန်ပြီးမှ ဝါသနာပါရာကို လုပ်တာကတော့ ဆန့်ကျင်ဘက်ပါ။ သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ သင့်ကိုယ်သင်ကျေနပ်ပြီး ပျော်ရွှင်စေပါတယ်။

၃ - ဖတ်ပါ

အလုပ်ဆင်းဆင်းချင်း လုပ်ရမယ်လို့ မဆိုလိုပါဘူး။ အားလပ်ချိန် တစ်နာရီလောက်ကို စာဖတ်သင့်ပါတယ်။

play

 

၎ - ကိုယ်ပိုင်အလုပ်

ပရဟိတအလုပ်မျိုး၊ ကိုယ်ပိုင်အလုပ်မျိုးကိုလည်း လုပ်သင့်ပါတယ်။

တစ်နေ့တစ်နာရီဆိုတာ ရေရှည်မှာတော့ ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ ဘာသာစကားလေ့လာမယ်ဆိုရင် တစ်နေ့တစ်နာရီနဲ့ တစ်နှစ်ဆိုတဲ့ အချိန်ဟာ သိသာတဲ့ အကျိုးဖြစ်ထွန်းမှုကို ရမှာပါ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ