Lifestyle: သခင်ပြန်အလာကို တစ်နှစ်ကျော်စောင့်နေတဲ့ ခွေးကလေး ကားတိုက်သေဆုံး

, updated

ဘယ်သူမှ ခေါ်လို့မရဘဲ ကားလမ်းဘေးမှာသာနေပြီး သခင်တွေပြန်အလာကို စောင့်နေခဲ့တာပါ။

play

 

ထိုင်းနိုင်ငံ ချန်သာဘူရီကားလမ်းဘေး တစ်နေရာမှာ သခင်ဖြစ်သူ ပြန်အလာကို စောင့်မျှော်နေတာ တစ်နှစ်ကြာသွားပြီဖြစ်တဲ့ ခွေးကလေးဟာ သေဆုံးသွားပြီဖြစ်ပါတယ်။

play

 

လမ်းမထက်မှာ ကားတိုက်ခံရပြီးသေဆုံးသွားတာဖြစ်ပါတယ်။ ချန်သာဘူရီခရိုင် ဘန်နောင်ခွန်အရပ်က ကားလမ်းထက်မှာ အဆိုပါခွေးကလေးဟာ နေ့တိုင်းရှိနေပြီး ဘယ်သူမှလည်း ခေါ်လို့မရပါဘူး။ အနီးနားဒေသခံတွေက သူ့ကို တစ်နှစ်ကျော်လုံးလုံး အစာကျွေးစောင့်ရှောက်ထားခဲ့တာဖြစ်ပါတယ်။

play

 

အသက် သုံးနှစ်ကျော်ရှိပြီဖြစ်တဲ့ ခွေးကလေးဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းက ပိုင်ရှင်တွေနဲ့အတူလာစဉ် အဝေးပြေးလမ်းမပေါ်မှာ ကားပေါ်က ပြုတ်ကျကျန်နေခဲ့တာလို့ ယူဆရပါတယ်။ အခုသူသေဆုံးသွားတဲ့ သတင်းကြောင့် ထိုင်းလူမှုကွန်ရက်မှာတော့ နာမည်ကြီးတဲ့ စိတ်မကောင်းစရာ သတင်းတစ်ပုဒ် ဖြစ်နေပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ